ပတ္တမြား FM မှ နေ့စဉ်ထုတ်လွှင့်ပေးနေတဲ့ Theme Song ကို ဒီနေရာလေးမှာ နားဆင်နိုင်သလို Download လဲရယူနိုင်ပါတယ်...
"What is Environmental Ethics"
သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို တင်ဆက်ပေးလျှက်ရှိတဲ့ အစိမ်းရောင် ချစ်သူ အစီအစဉ်ကို နားဆင်နိုင်ပါပြီ.....
ပြည်တွင်းမှာရှိတဲ့ ယဉ်ကျေးမှု၊ သမိုင်း အစဉ်အလာများနဲ့ ကမ္ဘာနိုင်ငံအသီးသီးမှ ဗဟုသုတဖြစ်ဖွယ်
အကြောင်းအရာများ ကိုပါ စိတ်ဝင်စားဖွယ် တင်ဆက် ပေးသွားမယ့်...... "Knowledge Bank " မှာ နားဆင်နိုင်ပါပြီ.....
သဘာဝလွန်ပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို နားဆင်နိုင်သော Supernatural..
THE MISSION ( ပုံဖော်နားဆင် ဇာတ်လမ်းအသွင်)
“ဟိုနေရာ တွေ့နိုးနိုး ဒီနေရာ တွေ့နိုးနိုး ”
ဪ သတိတရ ……
အလွမ်းတွေနဲ့ နွေဦးအချိန်တောင် တစ်ကျော့
ပြန်လည်လာပြန်ပြီပေါ့......
တစ်ချိန်က အမှတ်တရရှိခဲ့တဲ့ လက်ဆောင်
ပိတောက်ပန်းလည်း သီချင်းလေးအတိုင်း
အလွမ်းသံသရာ ရှည်နေခဲ့ပြီ.....
သို့သော် …… သို့သော် ……..
သင်္ကြန်မိုးနှင့် အတူရှာရဦးမယ်ရှာဖွေရဦးမယ်
အတာတန်ခူးလေးရယ် ………..
ပုံဖော်နားဆင် ဇာတ်လမ်းအသွင် အစီအစဉ်ကို
အပတ်စဉ် Saturday/Wednesday – 12:00 PM
မှာ နားဆင်နိုင်ပါတယ်.....
Listener တို့အတွက်နေ့စဥ် လှုပ်ရှား
ရုန်းကန်နေရတဲ့ ဘဝတွေမှာ ကြုံတွေ့
နေရတဲ့ အကြောင်းအရာကိစ္စတွေက
အများသားနော် .......
အဲ့အတွက် အချိန်တွေအများကြီး အကုန်ခံပြီး
ဖြေရှင်းမနေပါနဲ့ Listener တိုင်းအတွက်
"Let’s Do it "ကနေ တင်ဆက်ပေးမယ့်
လက်တွေ့အသုံးဝင် ဖြေရှင်းနည်းများ ..
ကို တင်ဆက်ပေးထားပါတယ်.......
"How to use Linkin - C"
Padamyar FM ရဲ့ Tech Tech အစီအစဉ်ကို
နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်……
IT နှင့် ဆက်စပ်သော နည်းပညာ ၊ ပစ္စည်း ၊
အသုံးအဆောင်များ အကြောင်းကို
တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်……
ဘဝမှာ ပျော်ရွှင်မှုကို ဘယ်ကရပါသလဲ???
စိတ်ပညာရှင်များ ရဲ့အဆိုအရ အမြင့်ဆုံးပျော်ရွှင်ခြင်းကို
လူက ရတယ်လို ဆိုကြပါတယ်….
ကိုယ့်ကိုပျော်ရွှင်စေတဲ့ သူ ၊ ပျော်ရွှင်စေတဲ့ မိသားစု ၊ ပျော်ရွှင်စေတဲ့ ပတ်ဝန်းကျင်ကို
သောတရှင်များအနေနဲ့ ရရှိထားပါသလား????
Family Relationships, Friendships, acquaintanceships and romantic relationship,
Toxic relationship, platonic relationship, symbolic relationship စတဲ့ Relationships
များပေါ် အခြေခံကာ တင်ဆက်ပေးထား တဲ့ Reationship Goals အစီအစဉ် ကို နားဆင်နိုင်ပါပြီ…….
ဗုဒ္ဓ၏ ဓမ္မနှင့် ပတ်သက်သည့် စာကောင်းပေမွန်များထဲမှ နိဗ္ဗာန်ရောက်ကြောင်း စာပေများကို ရွေးချယ်ပြီး တူက အဒေါ်ကို စာဖတ်ပြသည့် ပုံစံ ဖြင့်တင်ဆက်ထားသည့် နိဗ္ဗာန်လမ်း ဆီသို့ ….
အမျိုးသမီးအတွက်ရော အမျိုးသားတွေ အတွက်ပါ ခေါင်းအစခြေအဆုံးအသားအရေ အလှအပ ထိန်းသိမ်းနည်းများ အကြောင်းကို ဝေမျှပေးသွားမယ့် ....."Beauty O'Clock" မှာ နားဆင်နိုင်ပါတယ်.....
မင်္ဂလာပါရှင်......
သောတရှင်များ ကိုယ်ရောစိတ်ပါ ကျန်းမာစေဖို့ ရည်ရွယ်တင်ဆက်ပေးသွားမယ့် ကဏ္ဍတစ်ခု ဖြစ်ပါတယ်.....
ဒီကနေ့မှာတော့ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် လိုအပ်တဲ့အစာအဟာရတွေအကြောင်းတင်ဆက်ပေးချင်ပါတယ်.....
အစာလဲဆေး ဆေးလဲအစာဆိုတဲ့အတိုင်းလူသားတို့အားလုံးနေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာခန္ဓာကိုယ်ကျန်းမာရေးအတွက်အထောက်အကူဖစ်စေတဲ့ ဓာတ်တွေက
ဘယ်အတိုင်းအတာထိပါဝင်နေလဲ,ဘယ်လိုအကျိုးပြုမှုတွေရရီိခံစားရမလဲဆိုတာကိုသိရှိထားတာက အကောင်းဆုံးဆေးဝါးကိုပိုင်ဆိုင်ထားရသလိုပါပဲ
Healthy Life အစီအစဉ် မှာ နားဆင်နိုင်ပါတယ်......
ဒီနေ့အတွက်စကား
When we love a person, we don't own their whole life. We need personal freedom as well as our loved ones.
တစ်စုံတစ်ယောက်ကို ပိုင်ဆိုင် လက်တွဲခွင့် ရတယ်ဆိုတိုင်း အဲ့ဒီလူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံး၊ အချိန်တွေ အကုန်လုံးကို ပိုင်ဆိုင်သွားတယ်လို့ မဆိုလိုပါဘူး။ ချစ်သူ ရည်းစားတွေကြားမှာ အဆင်မပြေ ဖြစ်စေတဲ့ အရာတစ်ခုက ဒီလူတစ်ယောက်က ကိုယ့်ကိုချစ်တယ်၊ သူ့ကို ပိုင်ဆိုင်ခွင့်ရတယ်ဆိုင်တိုင်း သူ့ရဲ့ ဘ၀တွေ၊ အချိန်တွေ၊ လွတ်လပ်ခွင့်တွေ အကုန်လုံးကို ပိုင်စိုးခြယ် လှယ်ချင်တဲ့ ပြဿနာပါ။ အစပိုင်းတော့ သိပ် မသိသာပေမယ့် ရေရှည်မှာ ဘယ်လိုမှအဆင်မပြေပါဘူး။ Relationship တစ်ခု သာယာအဆင်ပြေဖို့ ဆိုတာက Personal Spaceကလည်း အရေးကြီးပါတယ်။ Relationship တွေမှာ တစ်ယောက်ကို တစ်ယောက် ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ပေးတယ်ဆိုတာက တစ်ယောက်ကို တစ်ယောက် လေးစားမှု ကို ပြသရာ ရောက်သလို toxic မဆန်တဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြရာလည်း ရောက်ပါတယ်။ယောက်ျားလေးဖြစ်စေ၊ မိန်းကလေး ဖြစ်စေ ဘယ်သူမဆို Personal Space ရှိဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ချင်းစီမှာ သူတို့ ကိုယ်ပိုင် လွတ်လပ်ခွင့် တွေ ရှိတယ်။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းတာ၊ ကိုယ့်ရဲ့ ၀ါသနာပါရာ အလုပ်တွေ လုပ်တာ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချိန်ကုန် ဆုံးတာ၊ ဒါမှမဟုတ်လည်း တစ်ယောက်တည်း အနားယူချင်တာမျိုး စသဖြင့်ပေါ့။ ကိုယ့်ရဲ့ ချစ်သူရည်းစားနဲ့ တပူးတွဲတွဲ မဟုတ်ဘဲ သူတို့ဘ၀လေးနဲ့သူတို့ လုပ်ချင်၊ နေချင်တဲ့ အရာတွေရှိပါတယ်။
When we love a person, we don't own their whole life. We need personal freedom as well as our loved ones.
Personal Space ဆိုတာက ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ ဘယ်သူမဆို လိုအပ်ပါတယ်။ ယောက်ျားလေးတွေမှာလဲ သူတို့ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင် လွတ်လပ်ခွင့် ဆိုတာရှိတယ်။ တစ်ခါတလေမှာ ယောက်ျားလေးတွေမှာလည်း ယောက်ျားချင်းပဲ ပြောချင် တဲ့ စကားတွေ ရှိကြပါတယ်။ မိန်းကလေးတွေမှာလဲ မိန်းကလေး အချင်းချင်း ပြောစရာ စကားတွေရှိကြတယ်။ ကိုယ့်ယောက်ျား၊ ကိုယ့်ရည်းစားမပါဘဲ သူငယ်ချင်းတွေနဲ့ အပြင်သွား၊ ခရီးထွက် လုပ်ချင်ကြတယ်။ ကိုယ်ပိုင်အချိန်လေးမှာ ကိုယ်၀ါသနာပါရာ အလုပ်လေးတွေ လုပ်ချင်ကြပါတယ်။ အမြဲတစေ အိမ်မှုတာ၀န်၊ လင်ယောက်ျား တာ၀န်တွေ မလုပ်ချင် ကြသလို၊ ချစ်သူရည်းစား နဲ့လဲ အမြဲ တပူးတွဲတွဲ မနေချင်ပါဘူး။ဒါကြောင့် တစ်ယောက်ကို တစ်ယောက် Personal Space ပေးဖို့ကို အရေးကြီးပါတယ်။ အချိန်ပြည့် တစ်ယောက်နောက် တစ်ယောက် တကောက်ကောက်လိုက်၊ သူငယ်ချင်းတွေနဲ့ သွားမတွေ့ခိုင်း၊ မိသားစုကို အချိန်ပေးရင်လည်း မကြိုက်၊ ၂၄နာရီ ကိုယ့်ကိုပဲ အချိန်ပေးစေချင်နေရင် ကြာလာရင် အချစ်တွေ မတိုးတဲ့အပြင် ငြီးငွေ့လာပြီး မွန်းကြပ်လာပါလိမ့်မယ်။ အချစ်တွေ တာရှည်ခံစေဖ်ို့၊ အချိန်အကြာကြီး ချစ်သွားနိုင်ဖို့ဆိုတာ ကိုယ့်ရဲ့ ဆက်ဆံရေးက ကျန်းမာနေမှ ဖြစ်မှာပါ။ ဒါကြောင့်မိုလို့ တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို တစ်ယောက်က လေးစားပါ။ ကိုယ့်မှာလဲ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ရှိသလို၊ ကိုယ့်ရဲ့ partner မှာလည်း ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ရှိတယ်ဆိုတာကို နားလည်ပေးပါ။
ဒီနေ့အတွက်စကား
When we love a person, we don't own their whole life. We need personal freedom as well as our loved ones.