Djs

" ပြင်ဉီးလွင်မှာ မွေးတဲ့ကောင်လေးတစ်ယောက်တင်ဆက်သူတစ်ယောက်ရဲ့ဘဝက အဖြစ်ချင်ဆုံးအိပ်မက်တစ်ခုရထားတဲ့ Certificate တွေ ဘွဲ့တွေက သပ်သပ်စီရေကြောင်းအင်ဂျင်နီယာအလုပ်ကို ကျောခိုင်းပြီးမိုက်မိုက်ကန်းကန်းနဲ့ ဆုံးဖြတ်ချက်ကို ရဲရဲချလို့ရေဒီယိုတင်ဆက်သူတစ်ယောက်ဖြစ်လာသူပါ…..ပတ္တမြားFM ကြောင့် ဇွဲမာန် ဖြစ်လာတာပါ…ပတ္တမြားFMမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားရင်း ဘဝကို ရှေ့ဆက်ချင်ပါတယ်… ကျွန်တော်ရဲ့ တင်ဆက်မှုတွေကို အားပေးနားဆင်ရင်း ဝေဖန်ပေးပါဉီးဗျ.... . ဇွဲမာန် a.k.a ဘီးဂျဲ "

Zwal Mhan

" ချစ်ရတဲ့သောတရှင်တွေနဲ့အိဆုဆုံတွေ့ခဲ့တာ (၁၀)စုနှစ်တစ်ခုကျော်သွားပြီဆိုတော့ မိသားစုတွေလိုတောင်ဖြစ်နေပါပြီ အိဆုရဲ့အစီအစဉ်တွေကိုအမြဲမပြတ်နားဆင်အားပေးနေတဲ့အိဆုရဲ့မိသားစုဝင်တွေဖြစ်တဲ့ချစ်ရတဲ့သောတရှင်တွေကိုကျေးဇူးတင်ပါတယ် ချစ်ရတဲ့ သောတရှင်တွေအတွက် အစီအစဉ်ကောင်းတွေထုတ်လုပ်နိုင်အောင် အမြဲတမ်း  ကြိုးစားသွားမှာပါ"

Ei Su

" Yawng Kaja i? အားလုံးပဲနေကောင်းကြရဲ့လားလို့ ကချင်လိုပြောတာပါ။ ပတ္တမြားFM နဲ့ ဆိုင်းနွယ် အတူတူရှိလာခဲ့တာ အခုဆို ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ ဆိုင်းနွယ်နဲ့ အပြင်မှာ ဆုံဖြစ်ရင် ကဂျာအီးလို့ ပြောပြီး နှုတ်ဆက်လို့ရပါတယ်နော်… ဆိုင်းနွယ်ကိုချစ်တဲ့ သောတရှင်များကို ဆိုင်းနွယ်ကလည်း စောရအိုင် (ချစ်ပါတယ် လို့)"

Seng Nwe

" ယုရဲ့နာမည်အရင်းက ယုဇနဗိုလ်မြင့်ပါ… ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကနေ Industrial Chemistry နဲ့ ကျောင်းပြီးထားတာပါ…. ယုတင်ဆက်တဲ့ အစီအစဉ်တွေကိုလည်း အားပေးရင်း အကြံဉာဏ်ပေးလို့ရပါတယ်နော်…. အားလုံးကို ယုကလည်း ချစ်ပါတယ်…."
Yuzana Bo Myint

Yu

" Padamyar FM မှာတာဝန်ထမ်းဆောင်ခဲ့တာဆယ်စုနှစ်တစ်ခုကိုကျော်ခဲ့ပြီ။ မိသားစုလိုနွေးထွေးတဲ့ ဆက်ဆံရေးတွေနဲ့ နေ့စဉ်လုပ်ငန်းတွေကိုသွန်သင်လမ်းပြပေးသူတွေ၊ လက်တွဲညီညီအတူဖြတ်ကျော်ပေးတဲ့လုပ်ငန်းခွင်ကမောင်နှမတွေ၊ ပြီးတော့ အမြဲတမ်းချစ်ခင်ပေးနေကြတဲ့ သောတရှင်တွေ သူတို့ သူတို့တွေရဲ့မေတ္တာတရားတွေနဲ့ ငုဝါနေ့စဉ် ဖြတ်သန်း နေပါတယ်။ ရှေ့ဆက်ခွန်အားတွေရအောင်လို့ ဒီနွေးထွေးတဲ့မေတ္တာတရားတွေပေးကြပါဦးနော်။ ငုဝါကလည်း အားအင်ရှိသမျှ Padamyar FM နဲ့ ချစ်ရတဲ့သောတရှင်တွေအတွက်ကြိုးစားသွားပါမယ်။ I’ll always love you …"

Ngu Wah

" ကျွန်တော်တင်ဆက်တဲ့အစီအစဉ်တွေကို နားထောင်ပါ… ကျွန်တော်နဲ့အနီးဆုံးမှာရှိနေသလို ခံစားရပါလိမ့်မယ်… ကျွန်တော် ကိုခန့်ပါ… "

Ko Khant

" ပရိသတ်များအားလုံးမင်္ဂလာပါ။Padamyar FMရဲ့ရုပ်အဖြောင့်ဆုံးအရပ်ရှည်ဆုံး အစီအစဉ်တင်ဆက်သူအုပ်စိုးပါ ။၁၉၉၄ဒီဇင်ဘာ၁၂မှာမွေးပါတယ်။BE(Civil)နဲ့ကျောင်းပြီးထားပေမယ့်ဝါသနာပါရာအစီအစဉ်တင်ဆက်သူ အဖြစ်ရွေးချယ်ထားသူပါ။ရှေ့ဆကိပြီးတော့လည်းPadamyar FMနဲ့တူတူ အစီအစဉ်သစ်တွေတင်ဆက်သွားဦးမှာမလို့အားပေးချစ်ခင်ပေးကြပါဦးနော်။ရွှင်လန်းချမ်းမြေ့ပါစေ.။ "
 

Ook Soe

" အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ Padamyar FM ရဲ့အစီအစဉ်တင်ဆက်သူ စည်သူ ပါ။ မွေးနေ့ကတော့ (၁၅.၇.၁၉၉၇) င်္အဂါနေ့ ပါ။ နာမည်အရင်းက စည်သူသွေး ဖြစ်ပြီးတော့ ပရိသတ်တွေပေးထားတဲ့နာမည်တွေကတော့ အများကြီးပါဘဲ။ Padamyar FM ပရိသတ်တွေအတွက် သီချင်းကောင်းတွေ အစီအစဉ်ကောင်းတွေကိုအမြဲကြိုးစားတင်ဆက်နေပါတယ်ခင်ဗျ၊အားလုံးကျေးဇူးပါ။" 

Si Thu

" မင်္ဂလာပါရှင်။ကျွန်မကတော့ဆွေယုပါ။ဆွေယုကအမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်ကနေကျောင်းပြီးထားပါတယ်။ဆွေယုတင်ဆက်တဲ့အစီအစဉ်တိုင်းကိုအားပေးနားဆင်ပြီးချစ်ခင်ပေးကြတဲ့သောတရှင်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်။ဆွေယုလည်း သောတရှင်တွေအတွက် အများကြီး ကြိုးစားတင်ဆက် သွားပါမယ်ရှင်။"

Swe Yu

Our Clients