Djs

" ပြင်ဉီးလွင်မှာ မွေးတဲ့ကောင်လေးတစ်ယောက် တင်ဆက်သူတစ်ယောက်ရဲ့ဘဝက အဖြစ်ချင်ဆုံးအိပ်မက်တစ်ခု ရထားတဲ့ Certificate တွေ ဘွဲ့တွေက သပ်သပ်စီ ရေကြောင်းအင်ဂျင်နီယာအလုပ်ကို ကျောခိုင်းပြီး မိုက်မိုက်ကန်းကန်းနဲ့ ဆုံးဖြတ်ချက်ကို ရဲရဲချလို့ ရေဒီယိုတင်ဆက်သူတစ်ယောက်ဖြစ်လာသူပါ….. ပတ္တမြားFM ကြောင့် ဇွဲမာန် ဖြစ်လာတာပါ… ပတ္တမြားFMမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားရင်း ဘဝကို ရှေ့ဆက်ချင်ပါတယ်… အခုဆို ပတ္တမြားFM က နာရီမိနစ်စက္ကန့်မလပ် နားဆင်လို့ရနေပြီဖြစ်တဲ့အတွက် ကျွန်တော်ရဲ့ တင်ဆက်မှုတွေကို အားပေးနားဆင်ရင်း ဝေဖန်ပေးပါဉီးဗျ.... ကျွန်တော် ဒီအစီအစဉ်တွေကို တင်ဆက်နေပါတယ်.. ဒီနေ့အတွက်စကား၊ Blues & Jazz Night၊ Superlatives၊ သူ့အကြိုက်သူ့သီချင်း၊ Like N Choice၊ Symphony & Harmony၊ Ladies Night၊ Songs On Chart၊ Night Story….. ဇွဲမာန် a.k.a ဘီးဂျဲ "

Zwe Mhan

" ပတ္တမြားFm သောတရှင်များအားလုံး မင်္ဂလာပါ…..ကျွန်မကတော့ အစီအစဉ်တင်ဆက်သူ ရဲရဲပါ….ရဲက 2012ခုနစ်က အလုပ်ဝင်လာတာဆိုတော့ အခုဆို ပတ္တမြားFmမှာ အစီအစဉ်တင်ဆက်သူအဖြစ်လုပ်နေတာ 7နှစ်တောင် ရှိသွားပြီပေါ့နော်…..7နှစ်တိုင်တိုင် ရဲ ထုတ်လွှင့်တင်ဆက်ခဲ့တဲ့ အစီအစဉ်တွေကို အားပေး နားဆင်ခဲ့ကြတဲ့ အတွက်လည်း ကျေးဇူးတင်တယ်…နောက်ထပ်လည်း ပရိတ်သတ်တွေအတွက် ကောင်းမွန်တဲ့ အစီအစဉ်ကောင်းများစွာကို တင်ဆက်နိုင်ဖို့အတွက် ကြိုးစားသွားပါအုံး မယ်နော်….. ပတ္တမြားfmကို အားပေး နားဆင်ကြတဲ့ ချစ်ပရိသတ်တစ်ဦးချင်းစီမှာ ကံကောင်းမှုတွေ ရရှိနိုင်ပါစေ…. မျှော်မှန်းထားတဲ့ ရည်ရွယ်ချက်.. ရည်မှန်းချက်တွေလည်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်… …Thank You…."

Ye` Ye`

" ချစ်ရတဲ့သောတရှင်တွေနဲ့အိဆုဆုံတွေ့ခဲ့တာ (၁၀)စုနှစ်တစ်ခုရှိသွားပြီဆိုတော့ မိသားစုတွေလိုတောင်ဖြစ်နေပါပြီ အိဆုရဲ့အစီအစဉ်တွေကိုအမြဲမပြတ်နားဆင်အားပေးနေတဲ့အိဆုရဲ့မိသားစုဝင်တွေဖြစ်တဲ့ချစ်ရတဲ့သောတရှင်တွေကိုကျေးဇူးတင်ပါတယ် ချစ်ရတဲ့ သောတရှင်တွေအတွက် အစီအစဉ်ကောင်းတွေထုတ်လုပ်နိုင်အောင် အမြဲတမ်းကြိုးစားသွားမှာပါ"

Ei Su

" Yawng Kaja i? "အားလုံးပဲနေကောင်းကြရဲ့လား?" လို့ပြောတာပါ။ ကချင်ဘာသာစကားနဲ့ နှုတ်ဆက်တဲ့အခါမှ သုံးကြပါတယ်။ ဒီစကားလေးကို ပတ္တမြား fm က မောင်နှမတွေ သူငယ်ချင်းတွေ သင်ပေးလာတာ (၉)နှစ်တောင်ကျော်ပြီ။ ဒီစကားလေးကို သူတို့တွေကျွမ်းကျွမ်းကျင်ကျင် သင်ယူတတ်မြောက်သွားပါပြီ (ဟီးး)။ ပရိသတ်တွေတော့ မှတ်ထားပေးပါနော်။ နောက်ထပ်လဲကြုံရင်ကြုံသလို ကချင်စကားတွေ သင်ပေးသွားပါအုံးမယ်လို့။ ဆိုင်းနွယ်နဲ့ ဆုံဖြစ်ခဲ့ရင်လဲ kaja i (ကဂျာအီး) လို့ နှုတ်ဆက်လို့ရပါတယ်နော်။ ပတ္တမြားfm ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ အားပေးနေကြတဲ့ ပရိသတ်တွေကို စောရအိုင် (ချစ်ပါတယ်လို့)"

Seng Nwe

" ပရိသတ်ကြီးမင်္ဂလာပါ... ယု ရဲ့ နာမည်အရင်းကတော့ ယုဇနဗိုလ်မြင့်ပါ... ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကနေ Industry Chemistry နဲ့ ကျောင်းပြီးထားပါတယ်။ ကိုယ်သင်ထားတဲ့ပညာနဲ့ ကိုယ်ဝါသနာပါတဲ့အရာက တစ်လမ်းစီဖြစ်နေတော့ ယု ကိုယ့်ဝါသနာကိုပဲ ဦးစားပေးရွေးချယ်ခဲ့ပါတယ်။ ယု ကို ချစ်ပေး အားပေးကြလို့ဝမ်းသာရပါတယ်။ ယု တာဝန်တင်ဆက်ပေးနေတဲ့ အစီအစဉ်တွေ သာမကပဲ ပတ္တမြား FM က ထုတ်လွှင့်တင်ဆက်ပေးမှုတွေအားလုံးအတွက် ကိုယ်တတ်နိုင်တဲ့နေရာကနေ အကောင်းဆုံး ကြိုးစားပြီးလုပ်ဆောင်သွားမှာပါ... ပတ္တမြား FM ကို ချစ်ခင်အားပေးတဲ့ မြန်မာနိုင်ငံတစ်ဝန်း လုံးက ပရိသတ်တွေတင်မက နိုင်ငံရပ်ခြားကနေပါ အားပေးနားဆင်နေကြတဲ့ ပရိသတ်တွေ အားလုံး အားလုံးကို ကျေးဇူးအထူးပဲတင်ပါ တယ်ရှင်... " Yuzana Bo Myint

Yuzana Bo Myint

" Padamyar FM မှာတာဝန်ထမ်းဆောင်ခဲ့တာဆယ်စုနှစ်တစ်ခုကိုကျော်ခဲ့ပြီ။ မိသားစုလိုနွေးထွေးတဲ့ ဆက်ဆံရေးတွေနဲ့ နေ့စဉ်လုပ်ငန်းတွေကိုသွန်သင်လမ်းပြပေးသူတွေ၊ လက်တွဲညီညီအတူဖြတ်ကျော်ပေးတဲ့လုပ်ငန်းခွင်ကမောင်နှမတွေ၊ ပြီးတော့ အမြဲတမ်းချစ်ခင်ပေးနေကြတဲ့ သောတရှင်တွေ သူတို့ သူတို့တွေရဲ့မေတ္တာတရားတွေနဲ့ ငုဝါနေ့စဉ် ဖြတ်သန်း နေပါတယ်။ ရှေ့ဆက်ခွန်အားတွေရအောင်လို့ ဒီနွေးထွေးတဲ့မေတ္တာတရားတွေပေးကြပါဦးနော်။ ငုဝါကလည်း အားအင်ရှိသမျှ Padamyar FM နဲ့ ချစ်ရတဲ့သောတရှင်တွေအတွက်ကြိုးစားသွားပါမယ်။ I’ll always love you …"

Ngu Wah

" Padamyar FM ပရိတ်သတ်များအားလုံးမဂ်လာပါခင်ဗျ…Padamyar FM ရဲ့ ကချင်အစီအစဉ်ကိုအဓိကတာဝန်ယူတင်ဆက်ပေးနေတဲ့ အစီအစဉ်တင်ဆက်သူ လုံစစ်အောင်ပါ။ ကချင်တိုင်းရင်သားတစ်ယောက်အနေနဲ့ ဂုဏ်ယူဝမ်းမြှောက်စွာ Padamyar FM အသံလွင့်လုပ်ငန်းမှာတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ကချင်တိုင်းရင်းသားလေးရဲ့ ချစ်စရာကောင်းတဲ့စကားသံဝဲဝဲလေးကိုချစ်ခင်အားပေးကြတဲ့ သောတရှင်များအားလုံးကို စော့ရအိုင် လို့ပြောချင်ပါတယ်။ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ထာဝရရှေ့ဆက်ချင်ပါတယ်ခင်ဗျာ….. ကျေးကျူးကမ္ဘာဆိုင် "

Lungtsit Awg

" Goal to Winner/ Sport Corner/ Supernatural/ The life ခေတ်လူငယ် ရေဒီယိုအစီအစဉ်တွေရဲ့ Hostပါ လူကိုမှ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် တင်ဆက်တဲ့PM liveကိုနားထောင်ပါ ကျွန်တော်နဲ့ အနီးစပ်ဆုံးမှာရှိနေသလို ခံစားမှုမျိုးရပါလိမ့်မယ် ကျွန်တော် "ကိုခန့် "ပါ "

Kyaw Win Khant

" ပရိသတ်များအားလုံးမင်္ဂလာပါ။Padamyar FMရဲ့ရုပ်အဖြောင့်ဆုံးအရပ်ရှည်ဆုံး အစီအစဉ်တင်ဆက်သူအုပ်စိုးပါ ။၁၉၉၄ဒီဇင်ဘာ၁၂မှာမွေးပါတယ်။BE(Civil)နဲ့ကျောင်းပြီးထားပေမယ့်ဝါသနာပါရာအစီအစဉ်တင်ဆက်သူ အဖြစ်ရွေးချယ်ထားသူပါ။ရှေ့ဆကိပြီးတော့လည်းPadamyar FMနဲ့တူတူ အစီအစဉ်သစ်တွေတင်ဆက်သွားဦးမှာမလို့အားပေးချစ်ခင်ပေးကြပါဦးနော်။ရွှင်လန်းချမ်းမြေ့ပါစေ.။ "

Ook Soe

" အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ Padamyar FM ရဲ့အစီအစဉ်တင်ဆက်သူ စည်သူ ပါ။ မွေးနေ့ကတော့ (၁၅.၇.၁၉၉၇) င်္အဂါနေ့ ပါ။ နာမည်အရင်းက စည်သူသွေး ဖြစ်ပြီးတော့ ပရိသတ်တွေပေးထားတဲ့နာမည်တွေကတော့ အများကြီးပါဘဲ။ပရိသတ်တွေအတွက် ပုံမှန် သီချင်းရွေးချယ်ပေးတဲ့အစီအစဉ်တွေအပြင် IT Corner,EDM Time, Club Night, Songs in Yangon, ပြောကြည့်... ဒီအစီအစဉ်တွေအပြင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်တဲ့ AM Live,PM live,Listener Choice Live တွေလည်းတင်ဆက်ပါသေးတယ်။နောက်ပြီးအထူးအစီအစဉ်တွေပါလည်းပါဝင်တင်ဆက်သလို သတင်းတွေလည်းတင်ဆက်ပါသေးတယ်ခင်ဗျ။ Padamyar FM ပရိသတ်တွေအတွက် သီချင်းကောင်းတွေ အစီအစဉ်ကောင်းတွေကိုအမြဲကြိုးစားတင်ဆက်နေပါတယ်ခင်ဗျ၊အားလုံးကျေးဇူးပါ။"

Si Thu Tway

" မင်္ဂလာပါ နှင်းအိပါ 3.3.2020 မှာ အလုပ် စဝင်ခဲ့ပါတယ် ။ ခုချိန်မှာတော့ ပတ္တမြား FM မိသားစုရဲ့ နွေးထွေးမှုတွေ သင်ကြားမ တွေနဲ့အတူ အစီစဉ်တွေကို အကောင်းဆုံး တင်ဆက်ပေးနေပါတယ် ။ရှေ့လျှောက်လဲ ပတ္တမြား FM သောတရှင် တွေအတွက် အကောင်းဆုံး ကြိုးစားတင်ဆက်ပေးသွားမှာ ဖြစ်တဲ့အတွက် နှင်းအိကို ချစ်ခင်ပေးကြပါဦးနော် ။ ပတ္တမြား FM ကိုနားဆင်ကြတဲ့ သောတရှင်များအားလုံး လာဘ်လာဘ အပေါင်းနဲ့ပြည့်စုံကြပါစေရှင် ။"

Hnin Ei Aung

" မင်္ဂလာပါ ပြည့်ရဲ့နာမည်အပြည့်စုံကတော့ ခင်ပြည့်စုံဟိန်းပါ။ B.A(Cinema&Drama)ဆိုတဲ့ အနုပညာဘွဲ့နဲ့ ကျောင်းပြီးထားပါတယ်။ငယ်ငယ်ထဲက အနုပညာကိုဝါသနာပါခဲ့တဲ့သူမို့ ဘွဲ့ရပြီးတာနဲ့ Padamyar FM မှာ Announcer ဝင်လုပ်ခဲ့တာပါ။အလုပ်အတွေ့ကြုံအများကြီးမရှိသေးတဲ့ အငယ်ဆုံး Announcer အသစ်လေးမို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အများကြီး လိုအပ်ပါတယ်ရှင်။Padamyar FM သောတရှင်တွေအတွက် အစီအစဉ်ကောင်းများစွာကို ကြိုးစားပြီးတော့ တင်ဆက်ပေးသွား

Khin Pyae Sone Hein

" မင်္ဂလာပါရှင်။ကျွန်မကတော့ဆွေယုပါ။ဆွေယုကအမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်ကနေကျောင်းပြီးထားပါတယ်။ဆွေယုတင်ဆက်တဲ့အစီအစဉ်တိုင်းကိုအားပေးနားဆင်ပြီးချစ်ခင်ပေးကြတဲ့သောတရှင်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်။ဆွေယုလည်းသောတရှင်တွေအတွက်အများကြီးကြိုးစားတင်ဆက်သွားပါမယ်ရှင်။"

Swe Yu

Our Clients