ပတ္တမြား FM မှ နေ့စဉ်ထုတ်လွှင့်ပေးနေတဲ့ Theme Song ကို ဒီနေရာလေးမှာ နားဆင်နိုင်သလို Download လဲရယူနိုင်ပါတယ်...
"What is Environmental Ethics"
သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို တင်ဆက်ပေးလျှက်ရှိတဲ့ အစိမ်းရောင် ချစ်သူ အစီအစဉ်ကို နားဆင်နိုင်ပါပြီ.....
ပြည်တွင်းမှာရှိတဲ့ ယဉ်ကျေးမှု၊ သမိုင်း အစဉ်အလာများနဲ့ ကမ္ဘာနိုင်ငံအသီးသီးမှ ဗဟုသုတဖြစ်ဖွယ်
အကြောင်းအရာများ ကိုပါ စိတ်ဝင်စားဖွယ် တင်ဆက် ပေးသွားမယ့်...... "Knowledge Bank " မှာ နားဆင်နိုင်ပါပြီ.....
"စကြဝတေးမင်း"
သဘာဝလွန်ပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို နားဆင်နိုင်သော Supernatural..
THE MISSION ( ပုံဖော်နားဆင် ဇာတ်လမ်းအသွင်)
“ဟိုနေရာ တွေ့နိုးနိုး ဒီနေရာ တွေ့နိုးနိုး ”
ဪ သတိတရ ……
အလွမ်းတွေနဲ့ နွေဦးအချိန်တောင် တစ်ကျော့
ပြန်လည်လာပြန်ပြီပေါ့......
တစ်ချိန်က အမှတ်တရရှိခဲ့တဲ့ လက်ဆောင်
ပိတောက်ပန်းလည်း သီချင်းလေးအတိုင်း
အလွမ်းသံသရာ ရှည်နေခဲ့ပြီ.....
သို့သော် …… သို့သော် ……..
သင်္ကြန်မိုးနှင့် အတူရှာရဦးမယ်ရှာဖွေရဦးမယ်
အတာတန်ခူးလေးရယ် ………..
ပုံဖော်နားဆင် ဇာတ်လမ်းအသွင် အစီအစဉ်ကို
အပတ်စဉ် Saturday/Wednesday – 12:00 PM
မှာ နားဆင်နိုင်ပါတယ်.....
"ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ"
Listener တို့အတွက်နေ့စဥ် လှုပ်ရှား
ရုန်းကန်နေရတဲ့ ဘဝတွေမှာ ကြုံတွေ့
နေရတဲ့ အကြောင်းအရာကိစ္စတွေက
အများသားနော် .......
အဲ့အတွက် အချိန်တွေအများကြီး အကုန်ခံပြီး
ဖြေရှင်းမနေပါနဲ့ Listener တိုင်းအတွက်
"Let’s Do it "ကနေ တင်ဆက်ပေးမယ့်
လက်တွေ့အသုံးဝင် ဖြေရှင်းနည်းများ ..
ကို တင်ဆက်ပေးထားပါတယ်.......
"How to use Linkin - C"
Padamyar FM ရဲ့ Tech Tech အစီအစဉ်ကို
နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်……
IT နှင့် ဆက်စပ်သော နည်းပညာ ၊ ပစ္စည်း ၊
အသုံးအဆောင်များ အကြောင်းကို
တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်……
ဘဝမှာ ပျော်ရွှင်မှုကို ဘယ်ကရပါသလဲ???
စိတ်ပညာရှင်များ ရဲ့အဆိုအရ အမြင့်ဆုံးပျော်ရွှင်ခြင်းကို
လူက ရတယ်လို ဆိုကြပါတယ်….
ကိုယ့်ကိုပျော်ရွှင်စေတဲ့ သူ ၊ ပျော်ရွှင်စေတဲ့ မိသားစု ၊ ပျော်ရွှင်စေတဲ့ ပတ်ဝန်းကျင်ကို
သောတရှင်များအနေနဲ့ ရရှိထားပါသလား????
Family Relationships, Friendships, acquaintanceships and romantic relationship,
Toxic relationship, platonic relationship, symbolic relationship စတဲ့ Relationships
များပေါ် အခြေခံကာ တင်ဆက်ပေးထား တဲ့ Reationship Goals အစီအစဉ် ကို နားဆင်နိုင်ပါပြီ…….
ဗုဒ္ဓ၏ ဓမ္မနှင့် ပတ်သက်သည့် စာကောင်းပေမွန်များထဲမှ နိဗ္ဗာန်ရောက်ကြောင်း စာပေများကို ရွေးချယ်ပြီး တူက အဒေါ်ကို စာဖတ်ပြသည့် ပုံစံ ဖြင့်တင်ဆက်ထားသည့် နိဗ္ဗာန်လမ်း ဆီသို့ ….
" ပိုးသားလိုနူးညံ့တဲ့ ဆံပင်အတွက် အိမ်သုံးကုထုံးများ အကြောင်းကို ဝေမျှပေးထားပါတယ်...."
အမျိုးသမီးအတွက်ရော အမျိုးသားတွေ အတွက်ပါ ခေါင်းအစခြေအဆုံးအသားအရေ အလှအပ ထိန်းသိမ်းနည်းများ အကြောင်းကို ဝေမျှပေးသွားမယ့် ....."Beauty O'Clock" မှာ နားဆင်နိုင်ပါတယ်.....
"နွားနို့အကြောင်းကို ကျန်းမာရေးဗဟုသုတအနေနဲ့ပြန်လည်မျှဝေပေးသွားမှာပါ...."
မင်္ဂလာပါရှင်......
သောတရှင်များ ကိုယ်ရောစိတ်ပါ ကျန်းမာစေဖို့ ရည်ရွယ်တင်ဆက်ပေးသွားမယ့် ကဏ္ဍတစ်ခု ဖြစ်ပါတယ်.....
ဒီကနေ့မှာတော့ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် လိုအပ်တဲ့အစာအဟာရတွေအကြောင်းတင်ဆက်ပေးချင်ပါတယ်.....
အစာလဲဆေး ဆေးလဲအစာဆိုတဲ့အတိုင်းလူသားတို့အားလုံးနေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာခန္ဓာကိုယ်ကျန်းမာရေးအတွက်အထောက်အကူဖစ်စေတဲ့ ဓာတ်တွေက
ဘယ်အတိုင်းအတာထိပါဝင်နေလဲ,ဘယ်လိုအကျိုးပြုမှုတွေရရီိခံစားရမလဲဆိုတာကိုသိရှိထားတာက အကောင်းဆုံးဆေးဝါးကိုပိုင်ဆိုင်ထားရသလိုပါပဲ
Healthy Life အစီအစဉ် မှာ နားဆင်နိုင်ပါတယ်......
ဒီနေ့အတွက်စကား
Any pain will heal with time, so remind yourself not to engage in self-depreciating behaviour.
Relationship တစ်ခုအဆုံးသတ်သွားပြီဆိုရင်ပိုချစ်ရတဲ့သူက ပိုနာကျင်ရတာဟာ ဓမ္မတာတစ်ခုပါပဲ။ ကိုယ့်ကိုမချစ်မနှစ်သက် တော့ တဲ့သူအပေါ်လွမ်းဆွတ်တမ်းတနေတယ်ဆိုတာကိုယ့်ကိုကိုယ်မချစ်တဲ့သူတွေရဲ့အပြုအမူတစ်ခုပါပဲ။ကိုယ့်အတွက်မဟုတ်တော့တဲ့သူ ကိုယ့်ဘက်တစ်ချက်လေးတောင်ငဲ့မကြည့်တော့တဲ့သူ ကိုယ့်လူမဟုတ်တော့တဲ့သူအပေါ် Move on လုပ်နိုင်ဖို့ အတွက် ပထမဆုံး အချက်ကတော့ကိုယ့်ကိုကိုယ်ချစ်ပါ။ ကိုယ့်ကိုကိုယ်တောင်မချစ်တာ တစ်ခြားသူတစ်ယောက်က ချစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ပြောပါရစေ။ ကိုယ့်ကိုသူ့အတွေးလေး ထဲတောင်မထည့်တော့တဲ့သူကို တစ်သသ လွမ်းဆွတ် နေမယ့်အစား ကိုယ့်အရည်အချင်းတိုးတက်ဖို့ ကိုယ့်သွင်ပြင်တိုးတက်ဖို့ အတွက်ကို အချိန်ပေးသင့်ပါတယ်။ အဲ့လိုကိုယ့်အချိန်ကိုမအားအောင်နေရင်းနဲ့မှသူ့အပေါ်သတိရတဲ့စိတ်တွေလျော့ပါးလာမယ်။ ကိုယ်ကသူမရှိလဲဖြစ်တယ် သူ့အပေါ်မှီခိုနေတာဟာ နှလုံးသားကခိုင်းစေတဲ့စိတ်ခံစားမှုတစ်ခုပဲဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတဲ့အချိန်ဟာ စိတ်လက်ပေါ့ပါးစွာနဲ့သူ့အကြောင်းကိုပြန်ပြောနိုင်တော့မယ့်အချိန်တစ်ခုပါပဲ။
Any pain will heal with time, so remind yourself not to engage in self-depreciating behaviour.
နောက်တစ်ချက်ကတော့ တစ်ယောက်ထဲကိုယ့်ပါကိုယ်မထားဖို့ပါပဲ။သူထားခဲ့တဲ့ပတ်ဝန်းကျင်မှာမနေဘဲ ထိုးထွက်ပါ။ သူငယ်ချင်း အသစ်အသစ်တွေနဲ့စကားပြောပါ။ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်အတွက်နဲ့ကိုယ့်ကိုချစ်တဲ့သူတွေကို ဘယ် လောက်တောင် ငြင်းထုတ်ခဲ့ရတာလဲဆိုတာတွေးကြည့်ပါ။ တန်ဖိုးမထားသူရဲ့လက်ထဲမှာမို့ကိုယ့်ကိုကိုယ်အဖိုးမတန်ဘူးလို့ အထင်အမြင်မှား တတ်ကြပါတယ်။အမှန်ကမဟုတ်ပါဘူး။ကိုယ့်ကိုချစ်တဲ့ပတ်ဝန်းကျင်ကိုအချိန်လေးခဏပေးပြီးနေကြည့်ပါ။ကိုယ်ဟာဘယ်လောက်တောင်အဖိုးထိုက်တန်လိုက်လဲဆိုတာကွက်ကွက်ကွင်းကွင်းတွေ့မြင်ရပါလိမ့်မယ်။ကိုယ့်ကိုချစ်တဲ့ပတ်ဝန်းကျင်ဆိုလို့ အဝေးကြီး ပြေးမရှာပါနဲ့ ကိုယ့်ကောင်းကျိုးကိုလိုလားပြီး ကိုယ်ပျော်ရွှင်ဖို့အတွက်ဘာအကျိုးအမြတ်မှ မမျှော်ကိုးပဲ ရှိနေပေးတဲ့ကိုယ့် မိသားစုဝင်တွေနဲ့ ကိုယ့်သူငယ်ချင်းအသိုင်းအဝိုင်းတွေပဲဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ Stalk လိုက်လိုက်မလုပ်ပါနဲ့။ သူနဲ့ပတ်သတ်ပြီးလိုက်မစုံစမ်းပါနဲ့။သူဟာကိုယ့်အတွက်အရမ်း special ဖြစ်ခဲ့ရင်တောင် အခုသူက တစ်ခြားကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့တန်းတူဘာမှမထူးခြားတဲ့သူဆိုပြီးဒီတိုင်းလေးပဲထားလိုက်ပါ။ချစ်ခြင်း မုန်းခြင်းတွေ ခံစားမှုတွေကိုအလည်မှာပဲ ထားပါ။ အစွန်းမရောက်စေပါနဲ့။ အကောင်းဆုံးဖြေရှင်းနည်းကတော့ သည်းသည်းထန်ထန် သတိရပြီးနာကျင်နေရင် ပြင်းပြင်းထန်ထန် အိပ်လိုက်ပါ။ ဘယ်နာကျင်မှုမဆို အချိန်ကကုစားပေးသွားမှာမို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးကျစေမယ့်အပြုအမူမျိုးတွေမလုပ်မိကြဖို့ ကိုယ့်ပါကိုယ်သတိပေးပါ။
ဒီနေ့အတွက်စကား
Any pain will heal with time, so remind yourself not to engage in self-depreciating behaviour.