2017-Events

Error message

မတ်လ ၂ ရက် ကြာသပတေးနေ့ နေ့လည် ၃ နာရီမှာ ပြည်မြို့ ရွှေကူရပ်ကွက် ခေတ္တရာယဉ်ကျေးမှု ခန်းမတွင် Padamyar FM Road Show ပြည် ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပတ္တမြား FM ရဲ့ ဒုတိယမြောက် ခြေလှမ်းဖြစ်သော Padamyar FM Radio To Live-2 DVD ကာရာအိုကေ အခွေကို ပြည်မြို့ရှိ ပရိသတ်တွေထံ အရောက် ဖြန့်ချိပေးဖို့နဲ့ ပြည်မြို့မှ တေးချစ်သူ ပရိသတ်များနှင့် ပိုမို ချစ်ကြည်ရင်းနှီးမှုရယူရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်...အဆိုပါပွဲမှာ DVD အခွေတွင် ပါဝင်သီဆိုထားတဲ့ နာမည်ကြီး တေးသံရှင်များဖြစ်ကြသော အောင်ထက် ၊ ဖိုးပြည့် ၊ နီနီခင်ဇော် နှင့် အိမ့်ချစ်တို့က တေးသီချင်းများစွာနဲ့ သီဆိုဖျော်ဖြေပေးခဲ့ပြီး ပရိသတ်တွေ အကြိုက်ဖြစ်စေမယ့် Hyrax Dance Crew အဖွဲ့မှလည်း အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြပါသည်။ ဒါ့အပြင် ပတ္တမြား FM မိသားစုမှလည်း ဒီဗီဒီအခွေ ဝယ်ယူအားပေးသူများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် မေတ္တာ လက်ဆောင်များ ကံစမ်းမဲများ ဖောက်ပေးခဲ့ပါသည်။

Our Clients