2016-Events

Error message

Padamyar FM Radio to Live 2 Music Concert ပွဲကြီးကို (26.3.2016) ရက်နေ့ Junction Square Water Fountain Area မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်...
ပတ္တမြား FM မှ မူပိုင်အဖြစ်စီစဉ်ပြီး ဒုတိယမြောက်အခွေ ထွက်ရှိလာတော့မဲ့ Padamyar FM Radio to Live 2 DVD ကို (25.9.16) ရက်နေ့ ဘိုဘို အင်တာတိန်းမန့်ကနေ .မြန်မာပြည်အနှံ့ .ဖြန့်ချီပေးနေပါပြီ။ DVD အခွေ အတွက် Music Concert ပွဲကြီး ကျင်းပစဉ်ကတည်းက ပရိသတ်များ အထူးအားပေးခဲ့ကြတဲ့ Padamyar FM Radio to Live 2 DVD ခွေ Promotion ပွဲကို စက်တင်ဘာလ (၂၅) ရက် တနင်္ဂနွေနေ့ လှည်းတန်းစင်တာမှာ ပရိသတ်များလက်ဝယ်သို့ .ဖြန်ချီပေးခဲ့ပါသည်။
ပတ္တမြားFM (၇)နှစ်ပြည့် .နှစ်ပတ်လည်နေ့ဖြစ်သည့် .အောက်တိုဘာ ၁ ရက်တွင် .နှစ်စဉ်ကျင်းပနေကြ .မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မျက်မမြင်ကျောင်းများသို့ Audio Book လှူဒါန်းပွဲနှင့် .တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်မြိို့ ပန်းပင်ကြီးလမ်းရှိ .ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၌ ယင်းနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပခဲ့သည်။ အဆိုပါလှူဒါန်းပွဲတွင် .ရှေးဦးစွာ ပတ္တမြား FM မှ ဒါရိုက်တာဒေါ်သီတာဆွေက လှူဒါန်းရခြင်း အကြောင်းပြောကြားပြီး အလှူငွေများ .ပေးအပ်လှူဒါန်းရာ .ကြည့်မြင်တိုင်နှင့် ခဝဲခြံမျက်မမြင် .ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီး တို့က အသီးသီးလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ .ပြန်လည်ပေးအပ်သည်။ ထို့နောက် နာမည်ကျော် .တေးသံရှင်များဖြစ်သည့် ဟဲလေး၊ ဇွဲပြည့်၊ မရန်ဆိုင်းနော်၊ Idiots၊ ထက်ယံ၊X-Box၊ အောင်ဖြိုး၊ စွန်းမုန်၊ ထက်မွန်၊ အမွန်း၊ လိမ္မော်သီး၊ ချောငယ်၊ လမင်းဖြူ အစရှိသော .တေးသံရှင်များက အမြင်အာရုံချို့တဲ့သည့် ကလေးငယ်မျာအား .တေးသီချင်းများဖြင့် .ဖျော်ဖြေတင်ဆက်ကြပြီး ပတ္တမြားFM (၇)နှစ်ပြည့် .နှစ်ပတ်လည်နေ့ ကိတ်မုန့်ကို .တေးသံရှင်များနှင့်အတူ တပျော်တပါး ခွဲစိတ်ပေးသည်။ ပတ္တမြား FM အနေဖြင့် .နှစ်စဉ်နှစ်ပတ်လည်နေ့ ကျရောက်တိုင်း လှူဒါန်းနေကြဖြစ်သော .မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မျက်မမြင်ကျောင်း ကိုးကျောင်းသို့ Audio Book များ၊ အလှူငွေများ၊ စားသောက်ကုန်နှင့် .ဆေးဝါးပစ္စည်းများ လှူဒါန်းခြင်းနှင့်အတူ ရန်ကုန်မြို့ .ကြည့်မြင်တိုင်နှင့် ခဝဲခြံ မျက်မမြင်ကျောင်းများရှိ .ကျောင်းသား .ကျောင်းသူ ၄၄၈ ဦး အား .နေ့လည်စာနှင့် ညစာကျွေးမွေးခြင်းတို့ဖြင့် လှူဒါန်းခဲ့သည်။
(၂၅) ကြိမ်မြောက် မျက်မမြင် လမ်းလျှောက်ပွဲနေ့မှာ ပတ္တမြား FM မိသားစုမှ အမြင်အာရုံ အားနည်းတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ အတူပျော်ရွှင်စွာပါ၀င်ဆင်နွဲခဲ့ကြပါတယ်
ပတ္တမြား FM မိသားစုဝင်တွေ .မော်လမြိုင်မြို့က .သောတရှင်တွေနဲ့ရင်းနှီးစွာ ဆုံတွေ့နိုင်စေဖို့အတွက် .နိုဝင်ဘာ၂၄ နေ့မှာ RoadShow ကျင်းပခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကိုမော်လမြိုင် မြို့ကမ်းနားလမ်းမှာရှိတဲ့ Strand Hotel မြက်ခင်းပြင်မှာညနေ ၃ နာရီကနေ စတင်ပြီး မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ခဲ့ပါတယ်.. ပါ၀င်ဖျော်ဖြေပေးခဲ့ကြတဲ့ .တေးသံရှင်တွေကတော့ ရဲရင့်အောင်၊ဇွဲပြည့်၊ ဖိုးပြည့် ၊ဖြူဖြူကျော်သိန်းနဲ့ လမင်းဖြူတို့ .ဖြစ်ကြပါတယ်။ ဒါ့အပြင် PadamyarFM Radio To Live 2 DVD Karaoke အခွေဝယ်ယူ အားပေးသူတွေ ကိုလည်း Lucky Draw ကံစမ်းမဲများ ဖောက်ပေးခဲ့ပါတယ်....

Our Clients