2015-Events

Error message

သိန်းကျော်ကျော်ကုမ္ပဏီ၏ ပတ္တမြား FM (၂) နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် .အောက်တိုဘာလ (၁) ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို .ကြည့်မြင်တိုင်မြို့နယ် ပန်ပင်ကြီးလမ်းရှိ အစိုးရမျက်မမြင် .ကျောင်း၌စိတ်အာဟာရ .ဖြစ်စေမည့် အသံဖြင့်အလင်းဖြစ်စေခြင်း အစီအစဉ်အရ Audio Book ၊ အလှူပစ္စည်းများနှင့် အလှူငွေများပေးအပ်ပွဲကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် .ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမိတက် ဥက္ကဋ္ဌကြီးဦးအိုက်ထွန်း မှ Audio Book နှင့်ရေဒီယိုများကို လည်းကောင်း၊ အလှူငွေကျပ် (၁၅)သိန်းကို မန်နေဂျင်းဒါရိုက်တာ ဒါက်တာဒေါ်စန္ဒာထွန်းမှ လည်းကောင်း ၊ငွေကျပ်(၁၄)သိန်းကျော် တန်ဘိုးရှိ အလှူပစ္စည်းများကို Execetive Director .ဒေါ်သူဇာမိုးမှ လည်းကောင်း ၊အောက်တိုဘာ(၁၅) ရက်နေ့တွင်ကျရောက်မည့် မျက်မမြင်လမ်းလျှောက် .နေ့အတွက် .ငွေကျပ် (၉) သိန်းကျော်တန်ဘိုးရှိ T-Shirt (၈၅၄)ထည်ကို အထွေထွေမန်နေဂျာ .ဒေါ်နှင်းစိန်မှ လည်းကောင်း၊ တက်ရောက်လာ .ကြသူများ .ပေးအပ်လှူဒါန်းသော အလှူငွေများကို Advisor ဒေါ်သီတာဆွေမှ လည်းကောင်းပေးအပ် လှူဒါန်းပါသည်။ ထို့အပြင် အသံဖြင့်အလင်းဖြစ်စေခြင်း .ခေါင်းစဉ်ဖြင့် စာရေးဆရာ ဒါရိုက်တာ မင်းခိုက်စိုးစံက လည်းကောင်း၊ အလှူနှင့် ပတ်သတ်သည့် စာပေဟောပြောမှုကို ဆရာလယ်တွင်းသား .စောချစ်ကလည်းကောင်း စာပေဟောပြောကြပြီး .တေးသံရှင်များဖြစ်ကြသည့် L လွန်းဝါ၊ရဲလေး၊ ထက်နေကြည်၊ခင်ဘုဏ်း ၊အေသင်ချိုဆွေ၊No အဖွဲ့စသည့် အနုပညာရှင်များ ကလည်း .မေတ္တာဖြင့် ကူညီဖျော်ဖြေပေး ခဲ့ကြသည့်အပြင် အာရှတော်ဝင် အထူးကုဆေးရုံမှ ဆရာဝန်များက ကျန်းမာရေးနှင့် ပက်သတ်၍ .ဟောပြောပြီး မျက်မမြင်များအား ကျန်းမာရေး စစ်ဆေးမှုများ .ပြုလုပ်ပေး .ခြင်း ၊ တက်ရောက်လာသော ပရိတ်သတ်များကို .မေတ္တာလက်ဆောင်နှင့် ကံစမ်းမဲဖောက် .ပေးခြင်းတို့ဖြင့် .ပျော်ရွှင်စည်ကား သိုက်မြိုက်စွာကျင်းပ ခဲ့ပါသည်။

Our Clients