2014-Events

Error message

Padamyar FM Radio to Live Music Concert ပွဲကို (29.3.14) ရက်နေ့ Junction Square Fountain Area မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်...
ပတ္တမြား FM မှစီစဉ်ပြီး Bo Bo Entertainment မှတစ်နိုင်ငံလုံး ဖြန့်ချီတော့မည့် ပတ္တမြား FM Radio To Live Audio CDနှင့် ပတ်သက်သည့် စာနယ်ဇင်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ၂၀၁၄ခုနှစ် ၊ဖေဖော်ဝါရီလ (၂၁)ရက် ၊သောကြာနေ့ ၊နေ့လည် (၁)နာရီမှ (၃)နာရီထိ ရန်ကုန်မြို့ Central Hotel .ကျောက်စိမ်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ စာနယ်ဇင်းမိတ်ဆက် ရှင်းလင်းပွဲ၌ တာဝန်ရှိသူများမှ Padamyar FM Radio To Live .တေးအယ်လ််ဘမ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။ ပတ္တမြား FM မှ ပထမဆုံး ခြေလှမ်းအဖြစ် စတင်ဖြန့်ချီမည့် .တေးအယ်လ်ဘမ်တွင် တစ်ချိန်တစ်ခါက နာမည်ကြီးတေးသီချင်းများကို ယနေ့ လူကြိုက်များရေပန်းစား .နေသည့် .နိုင်ငံကျော်တေးသံရှင်များ .ဖြစ်သည့် စည်သူလွင် ၊ ထူးအယ်လင်း ၊ L လွန်းဝါ ၊ သားသား၊ ရဲရင့်အောင် ၊ အားတီ ၊ ဂျက်ဆန်ထွန်း ၊ မရန်ဆိုင်းနော် ၊ သာဒီးလူ ၊ အေသင်ချိုဆွေ၊ အိမ့်ချစ် ၊ ချမ်းချမ်း ၊ နီနီခင်ဇော် ၊ နေနေ၊ Jewel စသည့် နာမည်ကြီးတေးသံရှင်များက ပြန်လည်ခံစား သီဆိုကြမှာဖြစ်ပါသည်။ အဆိုပါတေးအယ်လ်ဘမ်ကို လာမည့် ဖေဖော်ဝါရီလ (၂၈)ရက်နေ့ သောကြာနေ့တွင် Junction Square 2nd Floor ရှိ Junction Cineplex ရှေ့တွင် မွန်းလွဲ (၃) နာရီ မှ ညနေ (၅)နာရီထိ ပါဝင် သီဆိုထားသည့် တေးသံရှင်များက လက်မှတ်ရေးထိုးပေးမည် ဖြစ်သည် ။ အဆိုပါနေ့တွင် CD ချပ်ဝယ်ယူသူ ပထမဆုံး အယောက် (၅၀)အား မေတ္တာလက်ဆောင်အဖြစ် Padamyar FM Radio To Live တေးဂီတဖျော်ဖြေပွဲ လက်မှတ် များကို ပြန်လည် ပေးဝေမည်ဖြစ်သည်။
Padamyar FM Radio to Live Road Show ကို (4.10.2014) နေ့ မြစ်ကြီးနားမြို့ City Park Royal မှာစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ မြစ်ကြီးနားမြို့မှ ပရိသတ်များမှလည်း အားပါးတရ အားပေးပျော်ရွှင်ခဲ့ကြပါသည်။

Our Clients