ဒီနေ့အတွက်စကား
Nobody Can’t Stay In Comfort Zone To Improve From A Middle-Class Life.
ဒီနေ့အတွက်စကားကတော့ လူလတ်တန်းစားတွေအတွက်ပါ။ လူလတ်တန်းစားဆိုကတည်း ငွေဆိုတာ မရှားပေမယ့် ပေါလည်း မပေါတဲ့အခြေအနေပါ။ ဒီတော့ ကိုယ်က လူလတ်တန်းစားဆိုတဲ့အခြေအနေကနေ ပိုပြီးအဆင်ပြေတဲ့ ချမ်းသာကြွယ်ဝတဲ့ ပြောရရင် ငွေပေါတဲ့အခြေအနေတစ်ခုကိုရောက်ချင်ရင် ဒီအတိုင်းနေနေလို့မရပါဘူး။ ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးအတွက် စွန့်စား မှုတစ်ခုခုကို လုပ်ရပါမယ်။ ဒါပေမယ့် ဘာကိုပဲလုပ်လုပ် သေချာလေ့လာပြီးမှလုပ်ပါ။ ဘာဆိုဘာမှ သေချာမသိနားမလည်ဘဲ သူများအောင်မြင် တာ သူများလုပ်တာကို လိုက်လုပ်မယ်လို့ တွေးနေမိရင် ရပ်တန်းက ရပ်လိုက်ပါ။ မမေးမြန်းမစုံစမ်းဘဲ လုပ်မိတာမျိုးကြောင့် ချမ်းသာရေးလမ်းကြောင်းကနေ နည်းနည်းစီ ဝေးသွားတတ်ပါတယ်။ စီးပွားရေးကြီးပွားရေးကိစ္စတစ်ခုခုနဲ့ ပတ်သက်ပြီး ကိုယ်က အပေါ်ယံသိရုံလောက်ပဲဆိုရင် မိမိပိုင်ဆိုင်တာ ရဲ့ ၅% ထက်ပိုပြီး မပုံအောသင့်ပါဘူး။ စိတ်ရှည်ပါ။ လူလတ်တန်းစားတွေအတွက် ငွေဆိုတာမရှားပါဘူး။ ဒါပေမဲ့ လောဘကလည်း ကြီးတတ်ပါတယ်။ ကောင်းတဲ့ နေရာ မှာ ဆင်ခြင်ဥာဏ်နဲ့ လောဘကြီးရင် ချမ်းသာနိုင်ပါတယ်။ သို့ပေမဲ့ ပထမအချက်လိုမျိုးပဲ သေချာမလေ့လာဘဲ ဖြတ်လမ်း မလိုက် စေချင်ပါဘူး။
Nobody Can’t Stay In Comfort Zone To Improve From A Middle-Class Life.
အတုယူမမှားပါနဲ့။ တချို့ကျတော့ ကိုယ့်ရှေ့မှာ ငွေတွေအများကြီး ရှာပြနိုင်သူတွေကို အားကျတတ်ပါတယ်။ လောင်းကစားဒိုင်၊ ငွေကြေးလိမ်လည်သူ၊ Multi-level Marketing လိုမျိုး အသုံးပြုသူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့အရာတွေ ရောင်းချရင်း ချမ်းသာ လာတာမျိုးတွေကို အားမကျစေချင်ပါဘူး။ သမာအာဇီဝလုပ်ကိုင်ပြီးတော့လည်း ချမ်းသာကြွယ်ဝနိုင်ပါတယ်။ အဲဒီအစား ဟိုး အခြေခံကနေ အခုထိ ရိုးရိုးသားသားကြိုးစားရင်းနဲ့ နေရာတစ်ခုရောက်နေတဲ့သူတွေကိုသာ ဆည်းပူးပါ။ ဥပမာ - Bill Gates ပေါ့။ ပြီးတော့မိမိမှာရှိပြီးသား၊ တတ်ပြီးသားအရည်အချင်းတွေကို ထပ်သွေးပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေTrend ဖြစ်နေလဲ ဆိုတာကို မျက်ခြည်မပြတ်လေ့လာပါ။ ကောင်းတာဆို ယူပြီး မကောင်းတာဆို ပယ်လိုက်ဖို့ မကြောက်ပါနဲ့။ နောက်ဆုံး အချက် ကပညာရှိသူကို ဆည်းပူးပါ။ မိမိရဲ့ မိသားစု၊ ဆရာဆရာမတွေ၊ လုပ်ဖော်ကိုင်ဖက်နဲ့ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ လူလတ် တန်းစား (သို့) အခြေခံလူတန်းစားကနေ ချမ်းသာလာတဲ့သူမျိုးရှိရင် သူ့ဆီကနေ လေ့လာပါ။ နိုင်ငံခြားကသူဌေးတွေဆီကို တိုက်ရိုက်သွားလေ့လာစရာ မလိုပါဘူး။ အွန်လိုင်းပလက်ဖောင်းတွေမှာ သူတို့ရဲ့ ဟောပြောပွဲတွေ၊ ဆောင်းပါးတွေကို အခမဲ့ကြည့်ရှု ရင်းလည်း လေ့လာလို့ရပါတယ်။ဒါတွေကတော့ ရှောင်ရန်၊ ဆောင်ရန် အချက်တွေပါ။ ချက်ချင်းလိုက်လုပ်ကြည့်ပြီး ညတွင်းချင်းကြီး သူဌေးကြီးဖြစ်မသွားနိုင်ဘူးဆိုပေမဲ့ လူတစ်ယောက်မှာ အလေ့အကျင့်က အရေးကြီးတာကြောင့် စိတ်ထဲ စွဲစွဲမြဲမြဲထည့်ပြီး ပုံမှန် လေ့လာကျင့်သုံးသွားမယ်ဆိုရင် အနှေးနဲ့အမြန် လူလတ်တန်းစားဘဝကနေ ရုန်းထွက်နိုင်မှာ သေချာပါတယ်။
ဒီနေ့အတွက်စကား Nobody Can’t Stay In Comfort Zone To Improve From A Middle-Class Life.