ဒီနေ့အတွက်စကား

ဒီနေ့အတွက်စကား

item

ဒီနေ့အတွက်စကား

Don’t Forget To Take Care Of Your Loved Ones While They Are Still Alive.                                                    

 ဒီနေ့အတွက်စကား                                                                                                                                                                                                                  

လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဂရုစိုက်ချစ်ခင်မှုကို အခြားအရာတွေထက် ပိုမိုလိုလားကြပါတယ်။ ချစ်ခင်ဂရုစိုက် ခံရတဲ့ ခံစားချက်ဟာ လူတစ်ယောက်အတွက် ဘာနဲ့မှ အဖိုးဖြတ်လို့မရအောင် တန်ဖိုးရှိတဲ့ ခံစားချက်ပါပဲ။ လူအများစုက သူတို့ ပတ်ဝန်းကျင်က အခြားသူတွေကို ချစ်ခင်ဂရုစိုက်ကြပေမယ့် မြင်သာအောင် မပြသတတ်ကြပါဘူး။ ကိုယ်တိုင်ရော ချစ်ရတဲ့သူ တွေကို ဂရုစိုက်ကြောင်း ဖော်ပြဖို့ အခက်တွေနေပါသလား။ ကိစ္စတွေ များမြောင်လှတဲ့ လောကကြီးထဲမှာ အချိန်ဟာ ပေးနိုင်တဲ့အရာတွေထဲက တန်ဖိုး အရှိဆုံးနဲ့ အလှပဆုံးအရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကိုယ့်အတွက် အလေးထားပြီး လိုအပ်သူတွေကို အချိန်ပေးပါ၊ အတူတူ စားသောက်ဖို့ ဖိတ်ခေါ်တာ၊ အပြင်သွား တာ၊ နောက်ဆုံး ကော်ဖီတစ်ခွက်လောက် အတူသောက်ပေးတာကိုက ဂရုစိုက်မှု ကို ဖော်ပြလိုက်တာပါပဲ။ ချစ်တဲ့သူတွေကို လက်ဆောင် ဝယ်ပေးပါ။ လက်ဆောင်တွေဟာ ချစ်ခြင်းရဲ့သင်္ကေတာအဖြစ် သတ်မှတ်ကြပါတယ်။ လက်ဆောင်ပေးခြင်းဟာ ချစ်ရတဲ့သူကို ဘယ်လောက်ထိ ဂရုစိုက်ကြောင်း ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ အမြဲတမ်းတန်ဖိုးကြီး လက်ဆောင်တွေ ပေးဖို့ကို မဆိုလိုပါဘူး။ ကိုယ့်ရဲ့ ချစ်ခင်ကြင်နာမှုနဲ့ ဂရုစိုက်မှုကို ဖော်ပြနိုင်တဲ့အရာဖြစ်ဖို့ပဲလိုပါတယ်။   

Don’t Forget To Take Care Of Your Loved Ones While They Are Still Alive.                                                   

ချီးကျူးစကားပြောပါ။ဂရုစိုက်မှုကိုထုတ်ဖော်ပြသရာမှာအခြားသူတွေအတွက်ကိုယ့်ရဲ့စိတ်ကို ပြသရသလိုသူတို့ကဘယ်လောက် အရေးပါလဲဆိုတာကို သိအောင်လုပ်ဖို့လည်း လိုပါတယ်။ သူတို့ကို အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ၊ ချီးကျူးစကားတွေ ပြောတာက ဂရုစိုက်မှုကို အမြန်ဆုံးထုတ်ဖော်ပြသနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ကိုယ်တိုင်လည်း ချီးကျူးစကားတွေ ပြန်လက်ခံ ရနိုင်ပါတယ်။ တကယ်လို့များချစ်ခင်ရသူတစ်ယောက်က ကိုယ့်ကိုစကားပြောလာတဲ့အခါ သေချာဂရုစိုက်နားထောင်ပေးပါ။ သူတို့ရဲ့ ပြဿနာနဲ့ စိတ်ကူးတွေကို ပြောပြနေသူတွေဟာ သေချာဂရုစိုက်နားထောင်စေချင်တတ်ကြပါတယ်။ ကိုယ့်ဖက်က ဘယ်လောက်ထိ အလေးအနက်ထားပြီး ဂရုတစိုက်နားထောင်လဲဆိုတာက သူတို့အပေါ် ကိုယ့်ရဲ့ဂရုစိုက်မှုကို ပြသရာရောက်ပါ တယ်။ နားထောင် ပေးတတ်သူတွေကို လူတွေက တန်ဖိုးထားချစ်ခင်တတ်ကြတဲ့အတွက် သူတို့အတွက် ကိုယ့်ရဲ့အရေးပါမှု ကိုလည်း တိုးတက်လာ ပါလိမ့်မယ်။ နောက်ဆုံးအချက် ပြဿနာတွေကို မျှဝေပေးပါ။ လူတိုင်းမှာ ကိုယ်ပိုင်ပြဿနာတွေ ရှိတတ် ကြပါတယ်။ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရချိန်တွေမှာ ဆိုရင် ဘယ်သူမဆိုမိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေဆီက ဂရုစိုက်အလေးထားမှုနဲ့ အားပေး လှုံ့ဆော် မှုကိုလိုချင်တတ်ကြပါတယ်။ ဒါ့ကြောင့် သင်ချစ်ရသူတွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို တတ်နိုင်သမျှ ဝေမျှကူညီ ပေးပါ။ အားပေးလှုံ့ဆော် ပေးပါ။ ကိုယ်လိုအပ်ချိန်မှာလည်း သူတို့ရှိနေမှာ သေချာပါတယ်။                                                

 ဒီနေ့အတွက်စကား                                                                                                                                                               

Don’t Forget To Take Care Of Your Loved Ones While They Are Still Alive.                                                          

Our Clients