Healthy Life

item

နေ့စဉ် စားသောက်နေကြအစားအစာတွေထဲမှာ ကျန်းမာရေးအတွက် ညီညွှတ်စေတဲ့ အစားအစာ များအ‌ကြောင်း နှင့် အစားစာများက ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုသလဲဆိုတာက ရည်ရွယ် တင်ဆက် ပေးသွားမှာ ဖြစ်လို့ Healthy Life အစီအစဉ်မှာ နားဆင်နိုင်ပါတယ်......

Beauty O'Clock

item

အမျိုးသမီး ၊ အမျိုးသားတို့ အတွက် ဆံဖျားမှ ခြေဆုံး အထိ အလှအပရေးရာ နှင့်ပတ်သက်ပြီး ထိန်းသိမ်းသင့်တဲ့ အကြောင်း အရာများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်…. အလှအပရေးရာများအတွက် ကျွမ်းကျင် ဆရာဝန်များမှ အကြံဉာဏ် ပေးမှုများကိုလည်း နားဆင် နိုင်ပါတယ်…..

Tech Tech

item

Modern ခေတ်မှာ Technology ဟာ အောက်ဆီဂျင် ဖြစ်ပါသည်။ ဒါကြောင့် နည်းပညာ အောက်ဆီဂျင် မပြတ်ဖို့လိုပါတယ်…. Padamyar FM ရဲ့ Tech Tech အစီအစဉ် နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…… IT နှင့် ဆက်စပ်သော နည်းပညာ ၊ ပစ္စည်း ၊ အသုံးအဆောင် များ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်……

ဒီနေ့အတွက်စကား

item

ဒီနေ့အတွက်စကား

Find out how much you can earn. Spend less than you can earn. Increase revenue. Save Money to buy something, don't buy on credit. Collect an emergency fund.                                                                                           

ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုဟာ ဘဝတိုးတက်ပြည့်စုံရေးအတွက် အရေးကြီးပါတယ်။ ငွေကြေးနဲ့ပတ်သက်လာရင် ရှာနိုင် တာထက် လျှော့သုံးရမယ်ဆိုတာကို အမြဲလိုလို ကြားဖူးပါလိမ့်မယ်။ ရှာနိုင်တာထက် လျှော့သုံးဖို့ ဆိုတာက ပြောရလွယ်သလောက် လက်တွေ့ လုပ်ဖို့ ခက်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ နည်းလမ်းတွေ သိထားမယ်ဆိုရင် အဆင်ပြေနိုင်မှာပါ။ ရှာနိုင်တာထက် လျှော့သုံးနိုင်မယ့် နည်းလမ်းကောင်းတွေကို သိချင်ပါသလား။  ဘယ်လောက်ရှာနိုင်လဲ သိအောင်လုပ်ပါ။ ရှာနိုင်တာထက် လျှော့သုံးဖို့ဆိုရင် သင့်ရဲ့ ဝင်ငွေဘယ်လောက်ရှိမလဲဆိုတာ သိဖို့ လိုပါတယ်။ သင့်ရဲ့ နှစ်စဉ်ဝင် ငွေဒါမှမဟုတ် လစာကို သိရုံနဲ့ မလုံလောက်ပါဘူး။ မဖြစ်မနေပေးဆောင်ရမယ့် အခွန်အခတွေ နှုတ်ပြီး အသားတင်သုံးနိုင်တဲ့ ငွေကြေးပမာဏကို သိဖို့ လိုပါတယ်။ ရှာနိုင်တဲ့ ပမာဏထက် လျှော့သုံးပါ။ သင် ဘယ်လောက် ရှာနိုင်လဲဆိုတာ သိပြီဆိုရင် ဝင်ငွေနဲ့ကိုက်ညီမယ့် အသုံးစရိတ်ဖြစ်ဖို့ အာရုံစိုက်ရမှာပါ။အကောင်းဆုံးနည်းလမ်းကတော့ အသုံးစရိတ်အစီအစဉ်တစ်ခု ရေးဆွဲထားဖို့ပါပဲ။ သင့်ရဲ့ ငွေသုံးစွဲမှုတွေကို မှတ်သားထားပါ။ အသုံးစရိတ်ရေးဆွဲထားပေမယ့် မအောင်မြင်ဘူးဆိုရင် လိုအပ်သလိုပြောင်းလဲချိန်ညှိမှုတွေလုပ်ပါ။                                                                                                 

Find out how much you can earn. Spend less than you can earn. Increase revenue. Save Money to buy something, don't buy on credit. Collect an emergency fund.                                                                                                      

ဝင်ငွေကို တိုးမြှင့်ပါ။သင့်ရဲ့ အသုံးစရိတ်ကို စိစစ်ချွေတာနေပေမယ့် မလောက်မငှဖြစ်နေတယ်ဆိုရင်တော့ ဝင်ငွေထပ်ရှာဖို့ လိုနေတာပါပြီ။ လက်ရှိအလုပ်ထက် ဝင်ငွေပိုကောင်းတဲ့ အလုပ်ကို ပြောင်းလုပ်ပါ။ ဒါမှမဟုတ် ဘေးပေါက်အလုပ်တွေ ထပ်လုပ်ပါ။ သူဌေးသုံး သုံးဖို့ မစဉ်းစားပါနဲ့။ သင့်ပတ်ဝန်းကျင်က လူတွေ နေထိုင်စားသောက် သလို၊ နာမည်ကျော်တွေရဲ့ နေထိုင်မှုပုံစံမျိုးကို အားကျပြီး လိုက်သုံးနေသ၍ သင့်မှာ ငွေပိုငွေလျှံ ရှိလာမှာမဟုတ်ပါဘူး။ ရှာနိုင်တာထက် လျှော့သုံးဖို့လည်း မဖြစ်နိုင်သလို အကြွေး တွေပါ တင်လာနိုင်ပါတယ်။ ချမ်းသာချင် ယောင်ဆောင်တာ၊ လူအထင်ကြီးအောင် သုံးစွဲတာက နောက်ဆုံးမှာ ငွေကြေးအခက်အခဲ တွေနဲ့ပဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တစ်ခုခုဝယ်ဖို့ စုဆောင်းပါ အကြွေးနဲ့မဝယ်ပါနဲ့။ တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတစ်ခုခုဝယ်ချင် တယ်ဆိုရင် လိုအပ်တဲ့ ငွေပမာဏ ရသည်အထိ စုဆောင်းပြီးမှ ဝယ်သင့်ပါတယ်။ တကယ်မရှိသေးတဲ့ ငွေကြေးနဲ့ အကြွေးတင်ခံပြီး ဝယ်တာက အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ လစဉ် ဝင်ငွေထဲက ပမာဏတစ်ခုကို ဖယ်ထားပြီး စုဆောင်းထားပါ။ အရေးပေါ်ရန်ပုံငွေ စုဆောင်းပါ။အရေးပေါ်အခြေအနေတွေ တွေ့ကြုံတဲ့အခါ သုံးစွဲစရာ ငွေကြေးရှိဖို့ လိုပါတယ်။ ဒါ့ကြောင့် လစဉ်ဝင်ငွေထဲက ပမာဏ တစ်ခု အရေးပေါ်ရန်ပုံငွေအဖြစ် စုဆောင်းထားသင့်ပါတယ်။                                                                               

ဒီနေ့အတွက်စကား                                                                                                                                                     

Find out how much you can earn. Spend less than you can earn. Increase revenue. Save Money to buy something, don't buy on credit. Collect an emergency fund.  

Supernatural

item

သဘာဝလွန်ပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို နားဆင်နိုင်သော Supernatural..

sample3

sample today program3

sample 2

sample today program2

test

test

service

Our Services 

  • Radio Broadcasting Service
  • Website TV Broadcasting
  • Renting Studio Room Service
  • Renting Vanue For Shooting
  • Audio Dubbing, Voice Over, Recording
  • Radio Commercials Production 
  • MC/Presenter Service

Room(301-305), Level-3, Crystal Office Tower, Kyun Taw Road, Kamayut township, Yangon.
Tal: 01 933 9300, 01 933 9293-4, 09 255 113 401, 09 255 113 405-8,

Pages

Our Clients