ဒီနေ့အတွက်စကား

ပတ္တမြား FM ကို နားသောတဆင်နေကြတဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ။ နေ့စဉ်နေ့တိုင်း ပတ္တမြားFM လေလှိုင်းကနေတဆင့် အချိန်မှန် တင်ဆက်ပေးနေကြ ဒီနေ့အတွက်စကား အစီအစဉ်ကနေ ဒီနေ့မှာဝေမျှပေးသွားဦးမယ့် ဒီနေ့အတွက်စကားကိုလည်း အာရုံစိုက်လို့ နားဆင်ပေးကြပါဦးခင်ဗျာ။ “Success is a vehicle, which moves on a wheel named hard work, but the journey is impossible without the fuel named self confidence.” “အောင်မြင်ခြင်းဆိုတာ ယာဉ်တစ်ခုလိုပါပဲ။ ကြိုးစားခြင်းဆိုတဲ့ ဘီးပေါ်မှာရွေ့လျားနေတာဖြစ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ဆိုတဲ့ လောင်စာမရှိရင်တော့ ခရီးစဉ်အောင်မြင်မှာမဟုတ်ပါဘူး။”   

    

Program Time

Daily  

06:00 AM - 06:03 AM

02:00 PM - 02:03 PM

သောတရှင်များခင်ဗျာ။ အခုကြားခဲ့ရတဲ့ ဒီစကားကိုတော့ AwesomeQuotes4u.com Web Page ကနေကောက်နှုတ်ဝေမျှပေးခဲ့ တာပါ။ အောင်မြင်ခြင်းတဲ့။ လူတိုင်းလူတိုင်းသည်းခြေထဲကနေအထိ  လိုချင်မက်မောကြတဲ့ စိတ္တဇနာမ်တစ်ခုပါ။ လုပ်ငန်းခွင် ထဲ က လူကလည်း သူ့လုပ်ငန်းခွင်မှာ ရာထူးမြင့်မြင့်မားမား လစာကောင်းကောင်းနဲ့ အောင်မြင်ချင်ကြတယ်။ ကျောင်းတတ်နေတဲ့သူ ကလည်း ဖြေဆိုသမျှစာမေးပွဲတွေမှာ ထူးချွန်ပြောင်မြောက်စွာနဲ့ အောင်မြင်ချင်ကြတယ်။ အနုပညာသမားတွေကလည်း သူ ဖန်တီးတဲ့အနုပညာကို ပရိသတ်တွေက လက်ခုတ်သြဘာပေးချီးမြောက်လို့ လက်ခံအားပေးတဲ့အထိ အောင်မြင်ချင်ကြတယ်။ လူတိုင်းလူတိုင်းအောင်မြင်ချင်ကြတဲ့သူတွေချည်းပဲဆိုရင် လွန်မယ်မထင်ပါဘူး။ ဒါပေမယ့် နယ်ပယ်တစ်ခုတည်းမှာအတူတူ လုပ်ကိုင်နေကြတဲ့သူအချင်းချင်းတောင်မှ အောင်မြင်တဲ့သူက အောင်မြင်ပေမယ့် ထင်သလောက်မအောင်မြင်တဲ့သူက မအောင် မြင်ပါဘူး။ သေချာတာကတော့ အောင်မြင်ချင်တဲ့သူက တခြားသူထက်ပိုပြီးကြိုးစားရပါမယ်။ တခြားသူတစ်လှမ်းလှမ်းရင် သူက နှစ်လှမ်းမကလှမ်းရပါမယ်။ ဘယ်အရာမှာမှ အလကားသက်သက် ပေးဆပ်မှုမရှိဘဲ အောင်မြင်လာမှာ မဟုတ်ပါဘူး။ ကိုယ့်မှာ ရှိတဲ့ခွန်အားနဲ့အညီ ကြိုးစားအားထုတ်မှုကို ပံ့ပိုးလို့ ထူးချွန်အောင်လုပ်ပြနိုင်ရပါမယ်။ ဒါပေမယ့် ကြိုးစားတယ်ဆိုတဲ့နေရာမှာ လည်း တစ်စိုက်မတ်မတ်ကြိုးစားဖို့လိုပါတယ်။ တစ်ခုတည်းသောအရာမှာ အာရုံအပြည့်အ၀စူးစိုက်နိုင်မှသာလည်း အောင်မြင်နိုင် မှာပါ။ ဟိုဘက်ကိုလည်း အပြည့်အ၀မရ၊ ဒီဘက်မှာလည်း လှစ်ဟင်းမှုတွေရှိနေရင်တော့ အောင်မြင်သင့်သလောက်အောင်မြင် နိုင်မှာမဟုတ်ပါဘူး။ ထို့နည်းတူစွာပဲ နောက်ထပ်အနေနဲ့ ကံတရားဆိုတဲ့ အရာတစ်ခုကလည်း ကပ်တွယ်လို့ပါနေပါတယ်။ ဒါပေ မယ့် ကိုယ်လုပ်လိုက်တဲ့အလုပ်ဟာ ကိုယ့်ရဲ့ကံဆိုတာကို နားလည်ပြီး အလုပ်ကိုလည်း ကောင်းကောင်းလုပ်ရပါမယ်။ တကယ် တမ်းနယ်ပယ်တစ်ခုမှာ အောင်မြင်ဖို့ ဆိုတာ တကယ်တော့လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ကြိုးစားလုပ်ကိုင်မှုတွေ၊ အာရုံစူးစိုက်မှုတွေ၊ ကံတရားတွေ စုပေါင်းပြီး ညီညွတ်မျှတမှုရှိမှ လူတစ်ယောက်က အောင်မြင်နိုင်တာပါ။ ဒါဆိုရင် ဒါတွေ အားလုံးကို ညီညွတ်မျှတစေဖို့ အဓိက ကြိုးကိုင်နိုင်တာကတော့ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ မိမိကိုယ်ကိုယုံကြည်မှုပါ။ ငါလုပ်နိုင်တယ်။ ငါလုပ်ရင်အောင်မြင်နိုင် တယ်ဆိုတဲ့စိတ်ဟာ တွန်းအားတစ်ခုအဖြစ်နဲ့ တခြားသော အရာတွေကို ဖိအားပေးပြီး အောင်မြင်စေဖို့ လမ်းစတွေကိုဖောက် ပေးပါလိမ့်မယ်။ မိမိကိုယ်ကို ယုံကြည်တဲ့သူဟာ တခြားသူတွေထက် အမြဲတမ်းတစ်ပန်း သာနေမှာသေချာတာကြောင့် ယုံကြည် မှုကို မိမိရဲ့ အတွင်းစိတ်ထဲမှာ အမြဲတမ်းခိုအောင်းပြီး အောင်မြင်အောင်ကြိုးစားကြပါ လို့ ဒီနေ့မှာဒီစကားနဲ့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။