နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံ

Published: Nov 14


အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်အစောပိုင်းတုန်းက မနီလာမြို့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်တို့နဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့ တွေ့ဆုံစဉ်မှာတော့ ရခိုင်ပြည်နယ်အရေးကိစ္စကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနီလာမြို့ အရှေ့အာရှ-ထိပ်သီးအစည်းအဝေး ပြင်ပမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်နဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုမှာတော့ မည်သည့်အကြောင်းအရာတွေ ဆွေးနွေးသွား လဲဆိုတာကိုတော့ သိရှိရသေးခြင်းမရှိပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန်ကတော့ နိုဝင်ဘာ ၁၅ ရက် မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

#AFP (Mizzima)