ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ Grand Final ကို ဒီဇင်ဘာလ ၁၀ ရက်တွင် ကျင်းပမည်

Published: Dec 07


ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ Grand Final ကို ဒီဇင်ဘာလ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ ဥယျာဉ်၌ ကျင်းပ သွားမည်ဖြစ်ပါတယ်။ အဆိုပါငြိမ်းချမ်းရေးဂီတပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနမှ စီစဉ်ကာကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဂီတအစီးအရုံးက ပါဝင်ကူညီပံ့ပိုးထားတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်ရေး၏ အရေးပါမှုကို လူငယ်များ အကြား ကျယ်ကျယ် ပြန့်ပြန့် ပိုမိုသိရှိစေရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းရေး ဂီတပွဲတော်ကို မြန်မာတစ်နိုင်ငံလုံးရှိ မြိ့ကြီး ၁၁ မြို့နယ်ရှိ လက်ရွေးစင် အဆိုဝါသနာရှင်များကို အဆင့်ဆင့်ရွေးချယ်လာကာ နောက်ဆုံး Grand Final ပွဲကြီးသို့ ဖြူလှ ၊ Sa Paung ၊ ကြူကြူခိုင် နှင့် မေသူကျော်တို့က တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲနှင့် ပက်သက်၍ နိုင်ငံတော်မှ ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သော လုပ်ငန်းများလုပ်ဆောင်မှုအပေါ် Grand Final အထိတက်လှမ်း နိုင်ခဲ့သည့် အဆိုရှင် ဖြူလှက ပတ္တမြား FM ကို အခုလို ပြောကြားထားပါ တယ်………………. (မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ လုပ်တဲ့ ဒီပွဲမှာ ကျွန်တော့်အနေနဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော် အများကြီးဂုဏ်ယူပါတယ်။ ငြိမ်းချမ်းရေးဂီတပွဲတော်ဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ သက်ဆိုင်ပါတယ်။ အားလုံးနဲ့သက်ဆိုင်တဲ့အတွက်ကို ဒီတိုင်းရင်းသားညီအစ်ကို မောင်နှမတွေအားလုံး ချစ်ချစ်ခင်ခင် ငြိမ်းချမ်းရေးဆိုတဲ့ဆောင်ပုဒ်နဲ့အညီ တစ်ယောက်ကိုတစ်ယောက် လူသားချင်းစာနာတဲ့ စိတ်နဲ့ ရှေ့ဆက်သွားမယ်ဆိုရင် မြန်မာနိုင်ငံကြီးဟာ ငြိမ်းချမ်းသွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်…..) ထို့အပြင် ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ၌ နောက်ဆုံး Grand Final ပွဲသို့ ရောက်ရှိလာသည့် အဆိုရှင် မကြူကြူခိုင်၏ ပွဲအစမှ စတင်ကာ ကြိုတင်ပြင်ဆင်ထားပုံနှင့် ရင်ခုန်သံကိုလည်း  အခုလိုပြောကြား ထားပါတယ်……. (Clip;Kyu Kyu Khine)(မကြီးတို့ နောက်ဆုံး Final မှာပြိုင်ပွဲဝင်များအားလုံး ရင်ခုန်ရမယ်လို့ထင်ပါတယ်။ မကြီးတို့ပြိုင်ပွဲဝင် လေးယောက်စလုံးက Winner ဆုကြီးကို မှန်းပြီး အခုကြိုးစားနေကြပါတယ်။ ပြိုင်ပွဲစဉ်တစ်လျှောက်လုံး Level တစ်ခုနဲ့ တစ်ခု တဂယ့်ကို ရင်ခုန်ရပါတယ် ။ ရင်ခုန်ရတယ်ဆိုတာထက် Level တစ်ခုနဲ့တစ်ခု Voting အမှတ်ရော ဒိုင်အမှတ်ရော ကိုင်ညီမှ တစ်ဆင့်နဲ့ တစ်ဆင့် တက်လှမ်းသွားရမှာဖြစ်တော့ ကြိုးစားပါတယ်။ ကိုယ်ကတစ်ခါတစ်လေကောင်းပေမယ့်လည်း တစ်ခါ တစ်လေမှာ ပြိုင်ပွဲဆိုတဲ့အနေအထားက Lucky ဆိုတာရှိတယ်လေ။ အဲ့တာကြောင့် ဘုရားတရားလေးလည်း အာရုံပြုတယ် ၇ ရက်သားသမီးတွေကိုလည်း မေတ္တာပို့ရင်းနဲ့ဘဲ တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်ကျော်ခဲ့ရပါတယ်။ …..) ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲတော်၏ Grand Final ပွဲစဉ်ကိုအကဲဖြတ်ဒိုင်များ၏ ဆုံးဖြတ်ချက်ထက် ပရိသတ် များ၏ Voting ကိုသာ အတည်ပြုရွေးချယ်သွားမှာဖြစ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်မှုများကိုလည်း MRTV ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

PDM News (LH)