အီတလီအသင်း ကမ္ဘာ့ဖလား နဲ့ လွဲချော်

Published: Nov 14


၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာတော့ နာမည်ကြီး အီတလီအသင်း ခြေစစ်ပွဲကနေ ပြုတ်သွာပြီး၊ ကမ္ဘာ့ဖလားနဲ့ လွဲချော် သွားပြီဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးထွက်အဆင့် Play-offs ဒုတိယအကျော့ပွဲတွေကို မနေ့က ကစားခဲ့ရာမှာ အီတလီ နဲ့ ဆွီဒင်တို့ ဂိုးမရှိ သရေကျသွားပါတယ်။ ဆွီဒင်နိုင်ငံမှာ ပထမအကျော့ကစားတုန်းက - ဆွီဒင်က အီတလီကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆွီဒင်က ၂ ပွဲပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ခြေစစ်ပွဲအောင် သွားပြီးတော့၊ အီတလီအသင်း ခြေစစ်ပွဲကနေ ပြုတ်သွားတာ ဖြစ်ပါတယ်။ ဒါဟာ အီတလီ အသင်းအနေနဲ့ ၁၉၅၈ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့ကပွဲစဉ်တွေမှာ တော့ ဆွစ်ဇာလန် နဲ့ မြောက်အိုင်ယာလန်တို့ ဂိုးမရှိသရေကျပြီး ၂ ပွဲပေါင်း ဆွစ်ဇာလန်က ၁ ဂိုး ဂိုးမရှိ နဲ့ ခြေစစ်ပွဲအောင်    ပြီး၊ ဂရိနဲ့ ခရိုအေးရှားလည်း ဂိုးမရှိသရေကျတာကြောင့် ခရိုအေးရှားအသင်းက ၄ ဂိုး ၁ ဂိုး နဲ့ ခြေစစ်ပွဲအောင်သွားပါတယ်။ ဒီကနေ့ညမှာတော့ အိုင်ယာလန် နဲ့ ဒိန်းမတ်တို့ ကစားကြမှာဖြစ်ကြောင်း သိရသည်။

#Sports