အီတလီအသင်းနည်းပြ ဂီယန် ပီရိုဗန်တူရာ နည်းပြရာထူးမှ နုတ်ထွက်

Published: Nov 14


အီတလီအသင်းရဲ့နည်းပြ ဂီယန်ပီရိုဗန်တူရာဟာ ဆွီဒင်အသင်းကို နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ ဖလား ဝင်ခွင့် ဆုံးရှုံးခဲ့တဲ့အတွက် နည်းပြရာထူးကနေ နုတ်ထွက် သွားပြီဖြစ်ကြောင်း သိရပါတယ်။ အီတလီအသင်းဟာ ကမ္ဘာ့ဖလားကို ၄ ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်တဲ့နှစ် မရှိခဲ့ဖူးပါ။ ဆွီဒင်အသင်းကို နှစ်ကျော့ပေါင်း ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့် မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဂီယန်ပီရို ဗန်တူရာဟာ နုတ်ထွက်ကြောင်းကို တရားဝင်စာမတင်ရသေးဘဲ BT Sport သတင်းဌာနရဲ့ဥက္ကဌ ဂျိမ်းစ်ဟွန်းကာဆယ်နဲ့ တစ်ဦးချင်း ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နည်းပြ ဗန်တူရာဟာ ပွဲ အပြီးမှာ မီဒီယာတွေကို တစ်ခွန်းမှ ဖြေကြားခြင်းမရှိဘဲ ထွက်ခွာသွားခဲ့တာဖြစ်တယ်လို့ ဟွန်းကာဆယ်က ပြောကြားခဲ့ ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အီတလီအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဂီယန်ပီရိုဗန်တူရာဟာ အောင်မြင်မှု တစ်စုံတစ်ရာ မရယူ ပေးနိုင်ခဲ့ခြင်း မရှိဘဲ မှားယွင်းတဲ့ နည်းဗျူဟာ၊ မေးခွန်းထုတ်စရာကောင်းတဲ့ ပွဲထွက်လူစာရင်းတွေကို အသုံးပြုပြီး အီတလီ အသင်းကို သမိုင်းဝင် ရှုံးနိမ့်မှုတွေ ကြုံတွေ့စေခဲ့တဲ့ နည်းပြဖြစ်လာခဲ့ကြောင်း သိရသည်။

Source & Photos: BR