အသင်းနည်းပြမာကိုအား အဲဗာတန်ချဉ်းကပ်မှု ဝက်ဖို့ဒ်ပယ်ချ

Published: Nov 15


ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးထားသည့် ပေါ်တူဂီလူမျိုး နည်းပြ မာကိုဆေးလ်ဗား အတွက် အဲဗာတန် အသင်း၏ ချဉ်းကပ်မှုကို ဝက်ဖို့ဒ် အသင်းက ပယ်ချခဲ့သည်။ ပြီးခဲ့သည့် ဘောလုံးရာသီက ဟူးလ်စီးတီးအသင်း တန်းဆင်းခဲ့ပြီးနောက် မာကိုဆေးလ်ဗား (၄၀)နှစ် သည် ဝက်ဖို့ဒ်ကို ၁၁ ပွဲ ကိုင်တွယ်ခဲ့ရာ လေးပွဲနိုင်၊ သုံးပွဲသရေ၊ လေးပွဲရှုံး ရလဒ်ရရှိအောင် စွမ်းဆောင်ပေးထားပြီး ပရီး မီးယားလိဂ်  အမှတ်ဇယားတွင် အဆင့် (၉) ချိတ်အောင် လမ်းညွန်ပေးထားသည်။ ဘောလုံးရာသီ မစတင်မီက ငွေကြေး အလုံးအရင်းသုံးစွဲကာ ကစားသမားအမြောက်အမြား ခေါ်ယူအားဖြည့် ခဲ့သော်လည်း အဲဗာတန်သည် ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် (၁၅) ၌ ရပ်တည်နေပြီး တန်းဆင်းဇုန်ထိပ်ဆုံးရှိ ဝက်စ်ဟမ်း နှင့် နှစ်မှတ်သာ ကွာဟသည်။ ယင်းကဲ့သို့ ရလဒ်များ ဆိုးရွားနေသောကြောင့် အဲဗာတန်သည် နည်းပြရော်နယ်ကိုးမန်းကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး  နည်းပြတစ်ဦးဖြင့် အစားထိုးရန် စီစဉ်နေကြောင်း သိရသည်။

7Day sport