အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူမတ်တြားရှိ မီးတောင် ပေါက်ကွဲ

Published: Oct 13


အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူမတ်တြားပြည်နယ် ကာရိုခရိုင်ရှိ Sinabung(စင်းနဗန်း) မီးတောင်သည် အောက်တိုဘာလ ၁၂ ရက်တွင် ပေါက်ကွဲခဲ့ပြီး မီးခိုးပြာများမှာ ကောင်းကင်သို့ နှစ်ကီလိုမီတာအဝေးအထိ မှုတ်ထုတ်ခဲ့ကြောင်း သဘာဝဘေး အေဂျင်စီ ဆိုင်ရာ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။အဆိုပါ မီးတောင်ပေါက်ကွဲမှုသည် ဂျကာတာ စံတော်ချိန် နံနက် ၂း၄၅ နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo က ပြောကြားခဲ့သည်။ အောက်တိုဘာလ ၁၁ ရက်ကလည်း မီးတောင် ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ခဲ့သေးပြီး မီးခိုးပြာများက ၁.၅ ကီလိုမီတာအထိ ပျံ့လွင့်ခဲ့သည်ဟု Sutopo က ဆိုသည်။Sinabung တောင် မီးတောင်ဝ၏ တောင်ဘက်၊ အရှေ့တောင် ဘက်နှင့် အရှေ့ဘက် ၇ ကီလိုမီတာအတွင်း ဖြတ်သန်းသွားလာခွင့် မပြုရန် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂ ရက်ကတည်းက လုံခြုံရေး သတိအမြင့်ဆုံး ထုတ်ပြန်ထားကြောင်း သိရသည်။Sinabung မီးတောင်သည် အင်ဒိုနီးရှားနိုင်ငံရှိ မီးတောင်ရှင် ၁၂၉ ခုအနက် တစ်ခုဖြစ်သည်။

(Xinhua)