သီတင်းပတ်အတန်ကြာ ငြိမ်သက်နေခဲ့တဲ့ ဘာလီကျွန်းမီးတောင် နောက်ထပ်ပေါက်ကွဲမှုဖြစ်ပေါ်

Published: Feb 14


ရက်သတ္တပတ်အတန်ကြာ ငြိမ်သက်နေခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အေဂွန် မီးတောင်ဟာ ဖေဖေါ်ဝါရီ ၁၃ ရက် မှာ ပြန်လည် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မီးတောင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်မှာ နောက်ဆုံးအကြိမ် ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောကြားမှုအရ မီးတောင်ဟာ မနေ့က ဒေသ စံတော်ချိန် မနက် ၁၁ နာရီ ၄၉ မိနစ်မှာ ပေါက်ကွဲခဲ့ပြီး လေထုထဲသို့ မီးခိုးနဲ့ပြာမှုန်များ အမြင့်ပေ ၅,၀၀၀ နီးပါအထိ မှုတ်ထုတ်ခဲ့ကြောင်း သိရပါတယ်။ မီးတောင် ပေါက်ကွဲမှုအန္တရာယ် သတိပေးချက်ကို အဆင့် ၄ မှ အဆင့် ၃ သို့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က လျှော့ချသတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက အေဂွန် မီးတောင်ပတ်လည် ၂.၄ မိုင်အတွင်း သွားရောက်နေထိုင်ခြင်း မပြုကြရန် ဒေသခံတွေကို ညွှန်ကြားထားပါတယ်။ ယခုတစ်ကြိမ် မီးတောင်ပေါက် ကွဲမှုကြောင့် ဘာလီကျွန်းရှိ  အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုတော့ ပိတ်ပင်ခဲ့ရခြင်း မရှိဘူးလို့ သိရပါတယ်။ အဆိုပါ လေဆိပ် ကို ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း မီးတောင် ပေါက်ကွဲမှုအန္တရာယ်ကြောင့် သုံးရက်ထက်မနည်း ဆက်တိုက်ပိတ်ထားခဲ့ရပါတယ်။  အေဂွန်မီးတောင်ဟာ ဘာလီကျွန်းရဲ့ အဓိက အပန်းဖြေနေရာတွေဖြစ်တဲ့ ကူတာ နဲ့ စီမင်းယပ် တို့နဲ့ ၄၇ မိုင်အကွာမှာ တည်ရှိပြီး ယမန်နှစ် သြဂုတ်လအတွင်းမှာ စတင်လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။

Ref:-AP