လူဖြူအမျိုးသားရေးဝါဒီများ၏ ဆန္ဒပြသည့်လုပ်ရပ်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရှုတ်ချ

Published: Aug 13


အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့ ၌ လူဖြူအမျိုးသားရေးဝါဒီများ နှင့် လက်ယာယိမ်းဝါဒီများက သြဂုတ်လ ၁၁ ရက်တွင် စုဝေးဆန္ဒပြခဲ့ကြပြီး ယင်းလုပ်ရပ်အပေါ် သမ္မတ ဒေါ်နယ်ထရမ့်က ကန့် ကွက် ရှုတ်ချလိုက်ကြောင်း သိရသည်။ Charlottesville မြို့ တော်ဝန် Michael Signer နှင့် ဆေးရုံတာဝန်ရှိသူများ၏ အစောပိုင်းပြောကြားချက်အရ မြို့ တွင်း၌ ဖြစ်ပွားနေသော အမျိုးသားရေးဝါဒီများ၏ ဆန္ဒပြပွဲအတွင်း ယာဉ်မတော်တဆမှုတစ်ခုတွင် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုထားသည်။ အခင်းဖြစ်မှု မတိုင်မီ ထောင်ပေါင်းများစွာသော အမျိုးသားရေးဝါဒီများ ၊ လူမျိုးရေးအစွန်းရောက်များ နှင့် လက်ယာယိမ်း ဆန္ဒပြသူများသည် မြို့ လယ်ခေါင်ရှိ ပန်းခြံတွင် စုဝေးပြီး “Unite the Right ” ဟူ၍ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက သြဂုတ်လ ၁၂ နံနက်ပိုင်းတွင် ပြည်နယ်အား အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နောက်တွင် ၄င်းဆန္ဒပြသူများအား ရဲတပ်ဖွဲ့ က လူစုခွဲခဲ့သည်။  ဆန္ဒပြမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၄င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် “ အမုန်းတရားအတွက် ရပ်တည်နေမှုအားလုံးကို ရှုတ်ချရမှာဖြစ်ပြီး ကျွန်ုပ်တို့ အားလုံး ညီညွတ်ရပါမယ်။ အမေရိကန်နိုင်ငံမှာ ဒီလို ပဋိပက္ခဖြစ်ပွားဖို့ နေရာမရှိပါဘူး” ဟူ၍ ရေးသားဖော်ပြထားသည်။ သို့ သော် လူဖြူအမျိုးသားရေးဝါဒီများ နှင့် ဆန္ဒပြလှုပ်ရှားမှုအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပြုရေးသားထားခြင်းမရှိကြောင်း သိရသည်။

(Xinhua)