ယာဉ်မောင်းအကူ လုံးဝမသုံးဘဲ ခရီးသည်လိုက်ပါတဲ့ မောင်းသူမဲ့ Taxi ကားကို Waymo စမ်းသပ်အောင်မြင်

Published: Nov 15


Google ပိုင် မောင်းသူမဲ့ကား နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Waymo ထုတ် မောင်းသူမဲ့ Taxi ကားကို ယာဉ်မောင်း လုံးဝ မသုံးဘဲ အများပိုင်လမ်းမပေါ်မှာ စမ်းသပ် အောင်မြင်ခဲ့ပါတယ်။ ယခုစမ်းသပ်မှုဟာ ကမ္ဘာပေါ်မှာ လူအကူမပါဘဲ မောင်းသူမဲ့စစ်စစ် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ Waymo ဟာ Level 4 အဆင့်အပြည့် စမ်းသပ်ခဲ့တာ ဖြစ်ပြီး အရီဇိုးနားပြည်နယ် လမ်းမပေါ်မှာ လူ ၂ ယောက်လိုက်ပါစေပြီး စမ်းသပ်ပြေးဆွဲခဲ့တာပါ။ မောင်းသူမဲ့ကားဟာ မြို့ တွင်းလမ်းထဲ ကို ပုံမှန်အတိုင်း မောင်းဝင်ခဲ့ပြီး လမ်းသွားလမ်းလာများ ၊ တစ်ခြားယာဉ်များကို သိနိုင်သလို ယာဉ်အချက်ပြ မီးပွိုင့်စနစ်များ ကိုလည်း ကောင်းမွန်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ယာဉ်မှာ စတီယာရင် သုံးထားပေမယ့် ယာဉ်မောင်း နေရာမှာတော့ ဘယ်သူမှ မပါပါဘူး။ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး မောင်းသူမဲ့ ကားစစ်စစ်ကို စမ်းသပ်မောင်းနှင် ခဲ့တာလည်း ဖြစ်ပါတယ်။ ယခု စမ်းသပ်မှုဟာ ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲမှုဖြစ်ပြီး ဖီးနစ်မြို့ခံနှစ်ဦးကို အခမဲ့ စီးနင်းလိုက်ပါခွင့် ပြုခဲ့တာပါ။ နောက်ပိုင်းမှာတော့ Uber နဲ့ Lyft တို့ လိုမျိုး ယာဉ်အငှားဝန်ဆောင်မှု လုပ်ငန်းအသွင် ဝန်ဆောင်မှုပေး သွားမယ်လို့လည်း ဆိုထားကြောင်း သိရသည်။

 

(Duwun)