မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်များ၌ ရေလျှံနေ

Published: Oct 13


မန္တလေးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အောက်တိုဘာ (၁၂)ရက်က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေလျှံ နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးရွာသွန်းခြင်းဟာ အောက်တိုဘာ(၁၁)ရက် ညနေပိုင်းကစပြီး အောက်တိုဘာ (၁၂)ရက်နေ့လည်ပိုင်းအထိ အဆက်မပြတ်ရွာသွန်းနေတာဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချမ်းမြသာစည်မြို့နယ်ထဲကအနိမ့်ပိုင်းနေထိုင်သူတွေ အဆင်ပြေစေဖို့အတွက် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေကို အချိန်မီသတင်း ပို့ပေးနိုင်ဖို့် စီစဉ်နေတယ်လို့ ချမ်းမြသာစည်မြို့နယ်အုပ်ချုပ်ရေး မှူးရုံးကနေ သိရပါတယ်။တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံနေရာအနှံ့မှာ မိုးကြီးတာ၊ လေပြင်း တိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာ (၁၁)ရက်က သတိပေးထုတ်ပြန်ထားပါတယ်။