ပထမဆုံးအကြိမ် တရုတ်-မြန်မာ ချစ်ကြည်ရေး မာရသွန် ပြေးပွဲကျင်းပမည်

Published: Dec 07


ပထမဆုံးအကြိမ်အဖြစ်ကျင်းပမယ့် တရုတ်-မြန်မာ နိုင်ငံတကာ မာရသွန်ပြိုင်ပွဲအတွက် လက်ရှိအချိန်ထိ မြန်မာဘက်မှ စာရင်းပေးသွင်းသူ ၃၇၂ ဦး ရှိတယ်လို့ မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနကနေ သိရပါတယ်။ဒီပြိုင်ပွဲဟာ တရုတ်မြန်မာနှစ်နိုင်ငံတည်းမဟုတ်ဘဲ နိုင်ငံတကာက ကစားသမားတွေလည်း ပါဝင်မှာဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် စာရင်းပေးသွင်းရမယ့် နောက်ဆုံးရက်ကို ဒီဇင်ဘာ ၁၅ ရက်သတ်မှတ်ထားပြီး မြန်မာကစားသမားတွေကတော့ မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနကို ဒီဇင်ဘာ ၁၀ ရက်နောက်ဆုံးထား ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲတွေကို မာရသွန် (၂၆) မိုင်၊ မီနီမာရသွန် (၁၃) မိုင်၊ အပျော်ပြေး မာရသွန် (၅) မိုင် ဆိုပြီး ပြိုင်ပွဲအမျိုးအစား ၃ မျိုး ခွဲခြားထားပြီး ပြိုင်ပွဲဝင် လူဦးရေ ၅၀၀၀ သတ်မှတ်ထားပါတယ်။ ဆုကြေးငွေ ကတော့ အများဆုံး တရုတ်ယွမ် ၂၀၀၀၀၊ ၁၀၀၀၀၊ သတ်မှတ်ထားပြီး သတ်မှတ်ချိန်အတွင်း တန်းဝင်သူ အမျိုးသား၊ အမျိုးသမီး အယောက် ၅၀ ကို တရုတ်ယွမ် ၂၀၀၀၀ ကနေ ၅၀၀ အထိ ချီးမြှင့်မှာဖြစ်ကြောင်း သိရပါတယ်။

7day