ထိုင်းပရီးမီးယားလိဂ်ရောက် တတိယမြောက် မြန်မာကစားသမား

Published: Jan 13


ထိုင်းပရီးမီးယားလိဂ်ကို ပထမဆုံး ရောက်ရှိခဲ့သူကတော့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူဖြစ်ပြီး ဒုတိယ မြောက်ကတော့ ကျော်ကိုကို ရောက်ပြီးနောက် တတိယမြောက် ကစားသမားအဖြစ် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း နန္ဒလင်းကျော်ချစ် ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း နန္ဒလင်းကျော်ချစ်ဟာ ပြီးခဲ့သည့် ဘောလုံးရာသီက စင်ကာပူကလပ် ဘလက်စတီးယားကို ပြောင်းရွှေ့ကစားခဲ့ပြီး ယခုရာသီတွင် သူ့ရဲ့ဒုတိယမြောက် ပြည်ပကလပ်အဖြစ် ထိုင်းပရီးမီယားလိဂ်ကလပ် ပရာဂျပ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ပရာဂျပ်အသင်းကတော့ ထိုင်းပရီးမီးယားလိဂ်ကို ယခုနှစ်မှ တန်းတက်လာတဲ့ အသင်းတစ်သင်းဖြစ်ပြီး အဲ့ဒီအသင်းကို ပြောင်းခဲ့တဲ့ နန္ဒလင်းကျော်ချစ်ဟာ ထိုင်းပရီးမီးယားလိဂ်မှာ သွားကစားခွင့်ရတဲ့ တတိယမြောက် မြန်မာကစားသမား ဖြစ်ပါတယ်။ နန္ဒလင်းကျော်ချစ် ပြောင်းရွှေ့ခဲ့တဲ့ ပရာဂျပ်အသင်းဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် အောင်သူပြောင်းရွှေ့ခဲ့တဲ့ တယ်ရိုအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
နန္ဒလင်းကျော်ချစ်နဲ့ အောင်သူတို့ဟာ ရတနာပုံအသင်း ကစားသမားဟောင်းတွေဖြစ်ပြီး အခုအချိန်မှာတော့ ထိုင်းပရီးမီးယာလိဂ်မှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

Myanmar Online News