စာပေညီလာခံကို (၅၅)နှစ်ကြာပြီးမှ ပြန်လည်ကျင်းပမည်

Published: Nov 15


စာပေညီလာခံကို နှစ်ပေါင်း(၅၅)နှစ်ကြာပြီးမှ အခု အစိုးရလက်ထက်မှာ ရန်ကုန်မြို့မှာ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ လက်ရှိပြုလုပ်မယ့် စာပေညီလာခံဟာ စာပေလောကမှာ ဖြစ်ပျက်နေတဲ့ စာအုပ်ဈေးနှုန်း ကြီးမြင့်မှု၊ စာအုပ်ပို့ခကြီးမြင့်မှု၊ မြန်မာစာအရေးအသားတွေ ချို့ယွင်းလာမှု၊ ရသစာပေ ပြောင်းလဲလာမှု စတဲ့ဘုံပြဿနာတွေကို ဖြေရှင်းမယ့် ညီလာခံဖြစ်တယ်လို့ သိရပါတယ်။ စာပေညီလာခံ အကြိုအစီအစဉ်အနေနဲ့ ဒီဇင်ဘာ ၈ ရက်ကနေ၁၂ ရက်အထိ ရန်ကုန်မြို့တော် ခန်းမရှေ့မှာ စာအုပ်ဈေးရောင်းပွဲတော်၊ ဖျော်ဖြေရေးနဲ့ စာပေဟောပြောပွဲတွေ ကျင်းပမှာဖြစ်ကာ စာပေညီလာခံ ၂၀၁၇ စာပေဝိုင်း ဆွေးနွေးပွဲတွေကိုတော့ မင်းဓမ္မလမ်း MCC ခန်းမမှာ ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်၊ မနက် (၉) နာရီကနှေ ညနေ(၅) နာရီအထိ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ စာပေညီလာခံက ထွက်လာတဲ့ ဆွေးနွေးပွဲရလဒ်တွေကို မဲခွဲဆုံးဖြတ်ပြီး စာပေညီလာခံ ဆုံးဖြတ်ချက်နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကို ပေးပို့မှာဖြစ်ကာ ပြန်ကြားရေးကတဆင့် သက်ဆိုင်ရာတွေကို ဆုံးဖြတ်ချက်တွေ ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။

မြစ်မခ