ကျိုက်ထီးရိုးတောင်တွင် ကေဘယ်(လ်)ကားများ ၂၀၁၈ နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲပေးမည်

Published: Nov 15


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ကျိုက်ထီးရိုးတောင်ပေါ်မှာ တပ်ဆင်နေတဲ့ ကေဘယ်(လ်)ကားတွေကို ၂၀၁၈ နှစ်ဆန်းပိုင်းမှာ စတင်ပြေးဆွဲနိုင်တော့မှာ ဖြစ်တယ်လို့ ကေဘယ်(လ်) ကားစီမံကိန်း တည်ဆောက်ရေး တာဝန်ရှိသူတွေဆီက သိရပါတယ်။ ကေဘယ်(လ်) ကားစီမံကိန်းမှာ တည်ဆောက်ရေး အပိုင်းတွေ ပြီးစီးနေပြီး အခုအချိန်မှာ ဘုရားဖူးပြည်သူတွေရဲ့ လုံခြုံရေးအပိုင်းနဲ့ ပက်သက်လို့ စိတ်ချရအောင် လုံခြုံရေးကို အဓိကဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရသေ့တောင်ကနေ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်အထိ ပြေးဆွဲပေးမယ့် ကေဘယ်(လ်)ကားစီမံကိန်းကို ပြင်သစ်နည်းပညာနဲ့ တည်ဆောက်နေတာ ဖြစ်ပြီး အခုအချိန်မှာ ကေဘယ်(လ်)ကားပြေးဆွဲနိုင်ဖို့ စမ်းသပ်မတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ကေဘယ်(လ်)ကား စီးနင်းတဲ့အခါမှာတော့ တစ်ခေါက်ကို မိနစ်(၂၀)လောက် ကြာမြင့်မှာဖြစ်ပြီး ဈေးနှုန်းတော့ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။

မြစ်မခ