ကျိုက်ထီးရိုးတွင် ဝိနည်းနှင့်မညီဘဲ အလှူခံနေသည့် သံဃာနှင့် ရသေ့များကို ပညာပေး စည်းရုံးမည်

Published: Dec 07


ကျိုက်ထီးရိုးတွင် ဝိနည်းတော်နှင့်မညီဘဲ ဝတ္ထုငွေရရေး အပြိုင်အဆိုင် အလှူခံနေသည့် သံဃာ၊ ရသေ့၊ သီလရှင်များကို ပြည်နယ် အဆင့် သံဃနာယကအဖွဲ့က ဒီဇင်ဘာလအတွင်း ပညာပေး စည်းရုံးမည်ဖြစ်ကြောင်း သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ပညာပေး စည်းရုံးမှုကို ပြည်နယ်အဆင့် သံဃနာယကအဖွဲ့က ဦးဆောင်ပြုလုပ်ရန် စီစဉ်ထားပြီး ကျိုက်ထီးရိုး တောင်ပေါ်ရှိ စေတီတော်များ၊ ခြေလျင် တောင်တက်/ တောင်ဆင်းလမ်း၊ တောင်ဆင်း ကားဂိတ် များတွင် အဓိက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အများပြည်သူ ကြည်ညိုလေးစားမှုမဲ့သော အလှူခံမှု အပါအဝင် အကျိုးအမြတ်အတွက် လုပ်ကိုင်စားသောက်သည်ဟု ယူဆသော မည်သည့်ရဟန်းနှင့် သံဃာမဆို သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသော ညွှန်ကြားလွှာ ၉၇ ချက်အပေါ် အခြေခံ၍ စစ်ဆေးအရေးယူခွင့်ရှိကြောင်း သိရသည်။ထို့အပြင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ကျောင်းသင်္ခန်းများ၊ တောင်တက်လမ်း များတွင် အခြေချနေထိုင်၍ အလှူခံနေ သည့် သံဃာ၊ ရသေ့၊ သီလရှင်  စုစုပေါင်း ၂၀ဝ ကျော် ရှိကြောင်း သထုံခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

 The Voice