ကမ္ဘာ့ပထမဆုံး လျှပ်စစ်ထရပ်ကား ဂျပန်ထုတ်လုပ်

Published: Nov 14


ဂျပန်နိုင်ငံ Mitsubishi Fuso Truck and Bus ကုမ္ပဏီသည် eCanter ဆိုသည့် လျှပ်စစ်ထရပ်ကားများကို တီထွင်ကာ ဂျပန် နိုင်ငံတွင် အလုံးအရင်းနှင့် ထုတ်လုပ်လိုက်သောကြောင့် ကမ္ဘာ့ပထမဆုံး လျှပ်စစ်ထရပ်ကား ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Japan Today သတင်းတွင် ဖော်ပြထားသည်။  eCanter လျှပ်စစ်ထရပ်ကားများသည် ယခင် Canter ထရပ်ကားများကို အခြေပြုကာ တည်ဆောက်ထားပြီး ကမ္ဘာ့ဈေးကွက်သို့ တစ်နှစ်လျှင် စင်းရေ တစ်သိန်း ထုတ်လုပ် ကာ ဖြန့်ချိသွားရန် ရည်စူးထားကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။ ယခု ထုတ်လုပ်ထားသည့် ဘက်ထရီက လျှပ်စစ် ထရပ်ကားများကို တစ်ကြိမ်အားသွင်းထားလျှင် ၆၂ ဒသမ ၁ မိုင်ခန့်အထိ ပြေးဆွဲနိုင်စေရန် အထောက်အကူပြုနိုင် ကြောင်း Japan Today တွင် ရေးသားထားသည်။ Mitsubishi Fuso ကုမ္ပဏီသည် ယခုအခါ 7-Eleven ဂျပန်ကုမ္ပဏီနှင့် Yamato ပို့ဆောင်ရေး ကုမ္ပဏီအတွက် ထရပ်ကား ၂၅ စီးကို ထုတ်လုပ်ပေးရန် အမှာ လက်ခံထားပြီး နိုဝင်ဘာ လမကုန်မီ ပြေးဆွဲနိုင်မည်ဖြစ်သည်။ ထရပ်ကား အစိတ်အပိုင်းများကို ဂျပန်နှင့် တူရကီတို့တွင် ထုတ်လုပ်ပြီး ၂၀၁၇ အတွင်းစင်းရေ ၁၅၀ ခန့် ထုတ်လုပ်သွားရန်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။