News & Events

ဒေသအနှံ့ မိုးရွာခဲ့ပြီး မြို့ခြောက်မြို့တွင် နေရာကွက်မိုးကြီး

Sun , Dec 10 2017 - 10 am

ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့တွင် အချိန်အခါမဟုတ် မိုးရွာပြီး မြို့ခြောက်မြို့တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။ (ဒီဇင်ဘာ ၉ ရက်)မနေ့က မွန်ပြည်နယ်၊ ကယားပြည် နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး မှလွဲ၍ ကျန်ဒေသများတွင် အ ချိန်အခါမဟုတ် မိုးရွာခဲ့သည်။ ချင်းပြည်နယ် ဟားခါး၊ ဖလမ်းနှင့် တီးတိန်မြို့၊ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း၊ ပုသိမ်မြို့နှင့် ရန်ကုန် တိုင်း ကိုကိုးကျွန်းတို့တွင် နေရာကွက် မိုးကြီးခဲ့ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။နေရာကွက်မိုးကြီးခဲ့၍ ရခိုင်နှင့်ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် ဒေသတွင်း လမ်းအခ




ပုဂံရှုခင်းကြည့်ဘုရားများတွင် သံပန်းများ ကာရံမည်

Sun , Dec 10 2017 - 10 am

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း နေဝင်ချိန်နေထွက်ချိန် ကြည့်ရှုနိုင်သည့် ဘုရားများပေါ် မတက်စေရန် သံပန်းများဖြင့် ကာရံမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်းက ဘုရားများပေါ်သို့ တက်ရာမှတစ်ဆင့် ပြုတ်ကျသည့်ဖြစ်စဉ် လေးကြိမ်ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း၊ ပုဂံဒေသရှိ ဘုရားများသည် နှစ်ပေါင်းရာချီ ကြာမြင့်နေသည့်အပြင် သဘာဝ ဘေးဒဏ်များကိုလည်း အကြိမ်ကြိမ် ခံစားခဲ့ရပြီး ဖြစ်၍ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာန (ပုဂံဌာနခွဲ) ညွန်ကြားရေ




အကောင်းဆုံး အလုပ်ရှင်ဆု ပေးအပ်ပွဲကျင်းပ ပြုလုပ်

Sun , Dec 10 2017 - 10 am

မြန်မာ့နိုင်ငံတွင် ၂၁၀၇ ခုနစ်တွင် အကောင်းဆုံး အလုပ်ရှင်ဆု Myanmar Employer Awards ပေးအပ်ပွဲကို မနေ့ကညတွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့သည်။အဆိုပါ ပွဲတွင် လူကြိုက်အများဆုံးဆုကို International people's choice Award ဆုကို အူရီဒူးကလည်းကောင်း၊ ပြည်တွင်း Local people's choice Award ဆုကို MPT ကလည်းကောင်း၊ အကောင်းထဲမှ အကောင်းဆုံးဆုကို International Overall best of the best ဆုကို Unilevel ကုမ္ပဏီကလည်းကောင်း၊ Local Overall best of the best ဆုကို ရိုးမဘဏ်ကလည်းကောင်း သီးသီးရရှိခဲ့သည်။Myanmar Employer Awards အတွက် အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆ




ငြိမ်းချမ်းရေးဂီတပွဲတော် Grand Final Winnerကို ပရိသတ်များကိုယ်တိုင် မဲပေးရွေးချယ်နိုင်

Sun , Dec 10 2017 - 10 am

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထောက်ခံ သောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသ မည့် ငြိမ်းချမ်းရေးဂီတပွဲတော် Grand Final ပွဲကြီးအား ဒီကနေ့ ဒီဇင်ဘာ ၁ဝ ရက် ည ၈ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်သှူ ရင်ပြင်၌ ၀င်ကြေးအခမဲ့ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ငြိမ်းချမ်းရေးဂီတပွဲတော် Grand Final ပွဲကြီး တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များကို ပရိသတ်များ ကိုယ်တိုင်မဲပေးရွေးချယ်နိုင်ပြီး ပြိုင်ပွဲများဖြစ်ကြသည့် ဖြူလှ PMF 03၊ Sa Paung PMF07၊ ကြူကြူခိုင် PMF 09၊ မေသူကျော် PMF10 တို့အား မဲပေးခွင့်ကို ဒီကနေ့တနင်္ဂနွေနေ့




ဒေသတွင်းနိုင်ငံများပါဝင်သည့် ကွန်ပျူတာပရိုဂရမ်ကုတ် ရေးသားခြင်းပြိုင်ပွဲစတင်

Sun , Dec 10 2017 - 10 am

အာရှဒေသတွင်းရှိနိုင်ငံ ပေါင်း ခုနစ်နိုင်ငံမှ ကွန်ပျူတာ တ က္ကသိုလ်ကျောင်းသား၊ ကျောင်း သူ ၁၈၀ ခန့်သည် ကွန်ပျူတာ ပရိုဂရမ်ကုတ် ရေးသားခြင်းကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ လာရောက်ယှဉ်ပြိုင်နေသည်။မြန်မာအပါအဝင် ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ တိုင်ပေ၊ အင်ဒို နီးရှား၊ ဗီယက်နမ်တို့မှ ကွန်ပျူ တာတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများသည် ဒီဇင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် ကွန်ပျူ တာပရိုဂရမ်ကုတ်ရေးသားခြင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည် တွင်း ကွန်ပျူတာတက္ကသိုလ် ၁၄ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၂၄ ဦး ပါဝင




Pages