News & Events

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆောက်အအုံများကို ငလျင်ဒဏ်ခံနိုင်ရည်ရှိမရှိ စစ်ဆေးမည်

Wed , Nov 08 2017 - 09 am

ရန်ကုန်တိုင်း ဒေသကြီးထဲက သက်တမ်း ကြာမြင့်တဲ့ အဆောက်အအုံတွေ ငလျင်ဒဏ် ခံနိုင်ရည် ရှိ မရှိ စစ်ဆေးပြီး အသစ် ပြန်လည် ပြုပြင် မွမ်းမံဖို့အတွက် မြို့နယ် (၅)မြို့က အဆောက်အအုံ စာရင်းတွေကို ကောက်ယူသွားမှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံငလျင်ကော်မတီက သိရပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံအဂျင်နီယာအသင်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာ ရေးကော်မတီ၊ မြန်မာနိုင်ငံငလျင်ကော်မတီ၊ World Bank၊ ADB၊ UNDP စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၈၀ ကျော်ကြာမြင့်ခဲ့တဲ့ ပဲခူးငလျင်ပြန်လည်လှုပ်ခတ်နိုင်ခြေရှိတာကြောင့် လှုပ်ခတ်ခဲ့ရင် အဲဒီဒေသနဲ့ နီးစပ်တဲ့ နေရာဒေသတွေအ




ကာကွယ်ဆေးထိုး အစီအစဉ်၌ ဆေးသစ်နှစ်မျိုး ထပ်တိုးမည်

Wed , Nov 08 2017 - 09 am

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းက ၂၀၁၈ ခုနှစ်တွင် ကလေးငယ်များအတွက် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော နှင့် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး နှစ်မျိုးကို ထပ်မံ တိုးချဲ့သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက ပြောကြားသည်။ အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းများ အတွက် ကလေးတစ်ဦးလျှင် ဒေါ်လာ ၈၀ ခန့် အကုန်အကျခံ ထိုးနှံပေးလျက်ရှိပြီး အနာဂတ် သားကောင်းများ ကျန်းမာဖွံ့ဖြိုး စေရေးအတွက် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသည့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်း၊ သေဆုံးခြင်း၊ ဉာဏ်ရည်မမီခြင်း စသည်တို့ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းသည် အရေးကြီးသည့် လ




Control Center မှ မီတာဖတ်သည့်စနစ် စမ်းသပ်

Wed , Nov 08 2017 - 09 am

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသုံးပြုနေသည့် လျှပ်စစ်မီတာ ယူနစ်များကို Control Center မှတစ်ဆင့် ဖတ်ရှုနိုင်မည့် အခြေအနေ ရောက်ရှိရန် စမ်းသပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးထံမှ သိရသည်။လက်ရှိ Control Center ဖြင့် မီတာဖတ်နိုင်မည့် စနစ်တစ်ရပ်ကို ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ဒေါပုံမြို့နယ်၌ စတင် စမ်းသပ် နေပြီး အိမ်သုံးမီတာ အားလုံး Analog စနစ်မှ Digital စနစ်ကို ပြောင်းလဲ အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိပါက မီတာ စနစ်တကျ မဖတ်နိုင်သည့် အခြေအနေများကို ယင်းစနစ်က ဖြေရှင်းသွားနိုင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက




အိန္ဒိယ - မြန်မာ ဈေးရောင်းပွဲတော် ကျင်းပမည်

Tue , Nov 07 2017 - 02 pm

ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများ အသင်းမှ ကြီးမှူးကျင်းပသည့် “INDIA – MYANMAR CHARITY BAZAAR 2017" အိန္ဒိယ - မြန်မာ ဈေးရောင်းပွဲတော်ကို ဒဂုံမြို့နယ်Indian House ၌ ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း အိန္ဒိယသံရုံးမှ သိရသည်။ ဈေးရောင်းပွဲတော်တွင် အိန္ဒိယအစားအစာ များ၊ လက်မှုအနုပညာ ပစ္စည်းများကို ပြသရောင်းချ မည်ဖြစ်ပြီး ပြည်ပခရီးစဉ် လေယာဉ်လက်မှတ်၊ ဟိုတယ်တွင် အခမဲ့နေထိုင်ခွင့်၊ ကျောက်မျက် ရတနာ၊ အပျော်စီးသင်္ဘောစီးနင်းခွင့် အစရှိသော ကံစမ်းမဲ ကူပွန်များကို မဲနှိုက်ရွေးချယ်ပေးသွားမ




မုန်တိုင်းငယ် ကော့သောင်းမြို့အနီး ဖြတ်သန်းနိုင်၊ ဒေသအများစု အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း သတိပေး

Tue , Nov 07 2017 - 02 pm

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ကော့သောင်းမြို့အနီးမှ ဖြတ်သန်းနိုင်ပြီး မြန်မာနိုင်ငံ ဒေသ အများစု၌ အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။ တောင်တရုတ် ပင်လယ်မှလေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာ ၆ ရက်နေ့လယ်တွင် မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲကာပြီးထိုင်းပင်လယ် ကွေ့သို့ရောက်ရှိလာပြီးနောက် နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်တွင် ကော့သောင်းမြို့၏ တောင်ဘက်မှ ဖြတ်သန်းကာ  ကပ္ပလီ ပင်လယ်ပြင် တောင်ပိုင်းသို့ ၀င်ရောက်နိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ခန့်မှန်းသည်။ မြန်မာနိုင်ငံအတွင်း မုန်တိုင်းဖြစ် ပေါ်နိုင်သော အချိန်နှင့် အဆိုပါ မုန်တိုင်းငယ




Pages