News & Events

ကြော်ငြာ ဆိုင်းဘုတ်များနှင့် ပတ်သတ်၍ ဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် YCDC အသိပေး

Mon , Dec 11 2017 - 09 am

ရန်ကုန်မြို့ တော် နယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ်များ ၊ စာရွက်များ ၊ ဗီနိုင်း (Vinyl) များ စိုက်ထူခြင်း ၊ ကပ်ခြင်း ၊ ချိတ်ဆွဲခြင်း ၊ ရေးဆွဲခြင်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ (YCDC) မှ အသိပေးချက် ထုတ်ပြန်ခဲ့သည်။ မြို့ တော်နေ ပြည်သူအချို့ မှာ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက် မရရှိဘဲ အဆောက်အဦများ




ဒီဇင်ဘာ ၉ ရက်ကနေ ၁၄ ရက်အတွင်း အအေးပိုမည်

Sun , Dec 10 2017 - 04 pm

အာရှတိုက် အရှေ့မြောက်ပိုင်းဒေသတွေကို အအေးလှိုင်းဖြတ်တဲ့အရှိန်ကြောင့် မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၉ ရက်ကနေ ၁၄ ရက်အတွင်း အအေးပိုလာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။‘‘အအေးလှိုင်းက အာရှဒေသကို ရောက်မှာဆိုတော့ မြန်မာမှာ လည်း အနည်းငယ်ပိုအေးလာနိုင်တယ်’’လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။ အာရှအရှေ့မြောက်ပိုင်း ရုရှား၊ တရုတ်၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ဒီဇင်ဘာ ၉ ရက်ကနေ ၁၄ ရက်အတွင်း ၀င်ရိုးစွန်း လေအေးတွေ တိုးဝင်မှုကြောင့် အအေးလှိုင်းကျရောက်နိုင်ပြီး မြန်မာနိုင်ငံတွင် ပုံမှန်ထက် အနည်းငယ်ပိုအေးလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံအရှေ့ပိုင်း၊ တ​ရုတ်




ညောင်ချောင်းသာကမ်းခြေ ဒီဇင်ဘာနောက်ဆုံးပတ် ဖွင့်မည်

Sun , Dec 10 2017 - 04 pm

မိုးအလွန် နွေရာသီ ကမ်းခြေအပန်းဖြေစခန်းအဖြစ် လူသိများ ထင်ရှားပြီး လာရောက်အပန်းဖြေသူ များပြားလာသော ညောင်တုန်းမြို့၏ ဧရာဝတီကမ်းခြေ ညောင်ချောင်းသာရေချိုးဆိပ် အပန်းဖြေစခန်းကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး အတွက် ညောင်တုန်းမြို့နယ်မှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။လွန်ခဲ့သော ခြောက်နှစ်ခန့်မှ စတင်ပြီး ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံတွင် သဘာဝအလျောက် ဖြစ်တည်ခဲ့သော သဲသောင်ပြင်ကြီးပေါ်တွင် ရန်ကင်းသာ အပန်းဖြေ ရေချိုးဆိပ်အဖြစ် ဖွင့်လှစ်ခဲ့ရာမှ ညောင်ချောင်းသာ အပန်းဖြေစခန်း အဖြစ် ပိုမိုလူသိများလာပြီး နှစ်စဉ် လာရောက်အပန်းဖြေသူ ပိုမိုများပြားကာ စည်ကားလာခြင်းဖြစ်ကြောင်း




ပညာရေးကောလိပ်များကို လေးနှစ်သင်အဖြစ် သုံးနှစ်အတွင်း အပြီးပြောင်းလဲမည်

Sun , Dec 10 2017 - 04 pm

မူလတန်းပြဆရာ၊ ဆရာမများကို မွေးထုတ်ပေးသည့် လက်ရှိ ၂ နှစ်သင် ပညာရေးကောလိပ်များကို လေးနှစ်သင် ပညာရေး ဒီဂရီကောလိပ်များအဖြစ် လာမည့်သုံးနှစ်အတွင်း (၂၀၂၁ မတိုင်မီ)အပြီးပြောင်းလဲမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ လာမည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ပညာရေး ကောလိပ် ၄ ကျောင်းကို လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်အဖြစ် စတင် ပြောင်းလဲမည်ဖြစ်သည်။ သို့သော် မည်သည့်ကျောင်းများ ပြောင်းလဲမည်ကို ပညာရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ဒုတိယအဆင့်အနေနှင့် ၂၀၁၉ ခုနှစ် တွင် ပညာရေးကောလိပ် ၈ ကျောင်းကို ပြောင်းလဲမည်ဖြစ်သည်။ တတိယအဆင့် အနေနှင့် ၂၀၂၀ခုနှစ်တွင် ကျန်ရှိသည့်




စွန့်ဦး တီထွင် လုပ်ငန်းများကို အားပေး ကူညီ ပံ့ပိုးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တိုက်တွန်း

Sun , Dec 10 2017 - 04 pm

စွန့်ဦးတီထွင်ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာစေရေး အတွက် စွန့်ဦးတီထွင်လုပ်ငန်းများကို အားပေးကူညီ ပံ့ပိုးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့သည်။ယခု အခါတွင် အစိုးရ အနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တွန်းအားပေး လုပ်ဆောင်ပေး လျက်ရှိကြောင်း နေပြည်တော်၌ ပြုလုပ်သော ဒုတိယအကြိမ် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီးညီလာခံ ၂၀၁၇ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ဒါ့အပြင် ဒေသတွင်း နိုင်ငံများတွင် တီထွင် ဆန်းသစ်မှု ၊ အီလက်ထရောနစ် စနစ်ဖြင့် ကူးသန်း ရောင်းဝယ်ရေး နှင့် ဒီဂျစ်တယ်




Pages