News & Events

နိုင်ငံသားများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းရှိပါက တိုင်ကြားနိုင်

Wed , Dec 13 2017 - 11 am

မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်သည် နိုင်ငံသားများ၏ လူ့အခွင့်အရေး ဖောက်ဖျက်ခံရမှုများနှင့် ပတ်သက်၍ တိုင်ကြားစာများကို လက်ခံလျက်ရှိပြီး ယင်း တိုင်ကြားစာများကို စိစစ်ဖြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ညှိနှိုင်း ဖြေရှင်း ပေးခြင်းများနှင့် သက်ဆိုင်ရာဌာနများသို့ ဖြေရှင်းကုစားပေးရန် အကြောင်းကြားညှိနှိုင်းခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူ့အခွင့် အရေးချိုးဖောက်ခံရခြင်းများတွင် ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခံရခြင်းများလည်း အကျုံးဝင်ပါသဖြင့် နိုင်ငံအနှံ့အပြား တွင် ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခြင်းများ ခံစားကြုံတွေ့ရပါက လူ့အခွင့်အရေးကော်မရှင်သို့ ဥက္ကဌ မြန်မာနိုင်င




နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် ဂျပန်နိုင်ငံသို့ ထွက်ခွာ

Wed , Dec 13 2017 - 11 am

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့သည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဒီဇင်ဘာ ၁၄ ရက်တွင်ကျင်းပမည့် Universal Health Coverage Forum အဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးသွားရောက် ရန် အတွက် မနေ့ ည ၁ဝ နာရီ မိနစ် ၂ဝ တွင် လေကြောင်းခရီးဖြင့် ဂျပန်နိုင်ငံသို့ ထွက်ခွာကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံရုံး ယ




ကျပ်သိန်း (၁၅၀)မှ စတင် ဝယ်ယူနိုင်မည့် အိမ်ခြံမြေအရောင်းပြပွဲကြီး ရန်ကုန်မြို့တွင် ၃ ရက်ကြာ ပြုလုပ်မည်

Wed , Dec 13 2017 - 10 am

ကျပ်သိန်း (၁၅၀) ကနေ စတင်ဝယ်ယူနိုင်မယ့် အိမ်ခြံမြေ အရောင်းပြပွဲကို ရန်ကုန်မြို့မှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ (၁၅) ရက်ကနေ (၁၇) ရက်နေ့အထိ မိုင်ဒါကွင်းမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ imyanmar house က သိရပါတယ်။ အိမ်ခြံမြေ အရောင်းပြပွဲကြီးမှာ နိုင်ငံတကာ အဆင့်မီ ကွန်ဒိုတွေကိုလည်း အထူးလျှော့ ဈေးနှုန်းတွေနဲ့ (၁၅) နှစ်အထိ အရစ်ကျစနစ်နဲ့ဝယ်ယူလို့ရမှာတွေ ပါဝင်တယ်လို့ သိရပါတယ်။ ပြပွဲမှာ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅၀) ကျော်က ကျပ်သိန်း (၁၅၀) ကနေစတဲ့ တိုက်ခန်းတွေ၊ ကျပ်သိန်း (၅၀၀) ကနေ ကျပ်သိန်း (၅၀၀၀) ကျော်ထိရှိမယ့် ကွန်ဒိုတွေကိုပါရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အိမ်ရာတွေဝယ်ယူနိုင်ဖို့အတွက်လည




မြန်မာလူဦးရေ သုံးပုံတစ်ပုံခန့် ဆင်းရဲနွမ်းပါးဟု အစိုးရနှင့် ကမ္ဘာ့ဘဏ် ပူးတွဲထုတ်ပြန်

Wed , Dec 13 2017 - 10 am

မြန်မာနိုင်ငံတွင် စုစုပေါင်း လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ ဆင်းရဲနွမ်းပါးသည့် အခြေအနေ၌ရှိကာ ကျေးလက်၌ ၁၃ သန်းကျော်နှင့် မြို့ပြ၌ ၂ သန်းရှိကြောင်း အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ပူးတွဲ ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်၌ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အခြေအနေ လေ့လာစိစစ်ချက် အစီရင်ခံစာ ဒုတိယတွဲကို ထုတ်ပြန်ခြင်းဖြစ်သည်။ ယခုအစီရင်ခံစာကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ဆင်းရဲမှုနှင့် စားဝတ်နေရေး အခြေအနေ လေ့လာမှုစစ်တမ်း ပထမအတွဲပါ အချက်အလက်များကို အခြေအနေ အချိန်အခါနှင့် လျော်ညီသည့် အိမ်ထောင်စုမျာ




စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းထွက်ထားသူများ အသက်ကန့်သတ်ချက်မရှိ ပြင်ပဖြေဆိုခွင့်ပြုမည်

Wed , Dec 13 2017 - 10 am

 အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့တွင် ကျောင်းထွက်ထားသူများ စာမေးပွဲပြန်လည် ဖြေဆိုလိုပါက အသက်ကန့်သတ်ချက်မရှိဘဲ ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့် က ပြောသည်။ တတိယတန်း အောင်မြင်ပြီး ကျောင်းထွက်ထားသူများနှင့် သတ္တမတန်းအောင်မြင်ပြီး ကျောင်းထွက်ထားသူများ ၂၀၁၈ ဖေဖော်ဝါရီတွင်ကျင်းပမည့် စတုတ္ထတန်းနှင့်အဋ္ဌမတန်းအရည်အချင်းစစ် စာမေးပွဲများတွင် ဝင်ရောက် ဖြေဆိုနိုင်သည်။ ဖြေဆိုရန် စာရင်းသွင်းမှုကို မြို့နယ် ပညာရေး မှူး ရုံးများမှ တစ်ဆင့် လျှောက်ထားနိုင်ပြီး စာရင်း ပိတ်ရက်ကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး ရုံးများတွင် စုံစမ်းန




Pages