News & Events

ဟဲဟိုး၊ မော်လမြိုင်နှင့် ကော့သောင်းလေယာဉ်ကွင်းတို့ကို အဆင့်မြှင့်တင်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ပေါင်း(၂၀)ဝန်းကျင် က အဆိုပြုလွှာတင်ထား

Tue , Nov 21 2017 - 03 pm

မြန်မာနိုင်ငံက ဟဲဟိုး၊ မော်လမြိုင်နဲ့ ကော့သောင်းလေယာဉ်ကွင်းတို့ကို အဆင့်မြှင့်တင်တာတွေပြုလုပ်ဖို့ တင်ဒါ ခေါ်ယူ ရာတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း(၂၀)ဝန်းကျင်က အဆိုပြုလွှာတင်ထား တယ်လို့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။ အဲဒီလေယာဉ်ကွင်းတွေ အဆင့်မြှင့်တင်ဖို့ ကုမ္ပဏီပေါင်း(၅၀)ဝန်းကျင်က အဆိုပြု လျောက်လွှာ ဝယ်ယူခဲ့ပေမယ့် ဟဲဟိုးလေယာဉ်ကွင်းအတွက် ကုမ္ပဏီ(၈)ခု၊ ကော့သောင်းလေယာဉ်ကွင်းအတွက် ကုမ္ပဏီ(၈)ခုနဲ့ မော်လမြိုင် လေယာဉ်ကွင်းအတွက် ကုမ္ပဏီ(၄)ခုသာ ပြန်လည်တင်ပြထားတယ်လို့ သိရပါတယ်။ လေယာဉ်ကွင်း အဆင့် မြှင့်တင်ရေး ကုမ္ပဏီတွေကို တင်ဒါခေါ်ယူဖို့ အချိန်အနည်းဆုံး(၃)လကနေ (၆)လ




ပုဂံတွင် စေတီပုထိုးများနှင့် ပတ်သက်၍ ကုသိုလ်ရှင်များ၏ လှူဒါန်းဆောင်ရွက်မှုများကို ရှေးဟောင်းဌာနစိစစ်ပြီးမှ ခွင့်ပြု ကြောင်း သိရ

Tue , Nov 21 2017 - 03 pm

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စေတီပုထိုးသာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ ကုသိုလ်ရှင်များ၏ လှူဒါန်း ဆောင်ရွက်မှုများကို ရှေးဟောင်းသုတေသနဌာန၊ ထိန်းသိမ်းရေးအဖွဲ့မှ စိစစ်ပြီးမှသာ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရကြောင်း ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြား သည်။ လတ်တလော အင်တာနက်လူမှုကွန်ရက်ပေါ်တွင် အနုပညာရှင်တစ်ဦး ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ ပြသာဒ်ကြီးဘုရားတွင် ဆင်းတုတော်အား ရောင်တော်ဖွင့် လှူဒါန်းခြင်းနှင့်ပတ်သက်၍ ဝေဖန်သံမျာ




ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

Tue , Nov 21 2017 - 03 pm

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကျန်းမာရေးဦးဌာနအနေဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းလုပ်ငန်းကို ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၅)ရက်မှ (၂၃)ရက်အထိ မြန်မာတစ်နိုင်ငံလုံးရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် (၅)နှစ်မှ(၁၅)နှစ်အထိ ကလေးများအား ကွင်းဆင်း၍ကာကွယ်ဆေးများကို ထိုးနှံ ပေးသွား မည်ဖြစ်ပြီး ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်အထိ တစ်နိုင်ငံလုံးရှိ ကျေးလက်၊ မြို့နယ်၊ ခရိုင်များသို့လည်း (၉)လမှ (၅)နှစ်အရွယ် ကလေးငယ်များကို ကွင်းဆင်၍ ထိုးနှံပေးသွားမည်ဖြစ်ပါသည်။ယနေ့ စာသင်ကျောင်းများတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ မိ




နဝမအကြိမ်မြောက် BarCamp Yangon 2018 ကျင်းပသွားမည်

Tue , Nov 21 2017 - 12 pm

၂၀၁၀ ပြည့်နှစ်က စပြီး အစဉ်အလာမပြတ် ကျင်းပလာတဲ့ ဘားကမ့်ရန်ကုန်ကို ၉ ကြိမ်မြောက်အဖြစ် လာမယ့် ဇန်နဝါရီလ ၂၇ နဲ့ ၂၈ (စနေ ၊ တနင်္ဂနွေ) နှစ်ရက်တာ ကျင်းပသွားတော့မယ်လို့ သိရပါတယ်။ နဝမအကြိမ်မြောက် BarCamp Yangon 2018 ကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ ၊ MICT Park ၊ Main Building မှာ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပြီး နည်းပညာနဲ့ ဗဟုသုတအသစ်များ ၊ အကြောင်းအရာသစ်များကို အပြန်အလှန်ဆွေးနွေးဖလှယ်သွားမှာ ဖြစ်ပါတယ်။ ဘားကမ့်ရန်ကုန်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ ဆွေးနွေးသူနဲ့ ဆွေးနွေးစရာ အကြောင်းအရာတို့ ကို အများဆုံး ဆွေးနွေးရာ ပွဲတစ်ပွဲ ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဘားကမ့်ရန်ကုန်မှာတော့




ရွှေတိဂုံစေတီတော်တွင် ကမ္ဘာ့အကြီးဆုံး တရားပွဲကြီးနှင့် ဘုရားအနေကဇာတင်ပွဲကို ကျင်းပမည်

Tue , Nov 21 2017 - 12 pm

၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ကမ္ဘာ့အကြီးဆုံးတရားပွဲကြီးနှင့် ဘုရားအနေကဇာတင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သံဃာ အပါး ၁၈၀၀၀ ကို ဗုဒ္ဓ အဘိသေက အနေကဇာတင်ခြင်း၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာ လာဘိဝံသ၊ သီတဂူဆရာတော် ဦးဥာဏိသရ၊ အရှင်ဆန္ဒာဓိက စသော ဆရာတော်များ၏ တရားပွဲများနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က မနေ့က ပြောကြားခဲ့သည်။ အဆိုပါ ဗုဒ္ဓ အဘိသေက အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် NLD ပါတီတို့မှ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး စေတနာရှင်မည်သ




Pages