News & Events

သီတင်းကျွတ်ကာလအတွက် ပုဂံနှင့် အင်းလေး ဟိုတယ်ကြိုတင်မှာယူမှုများ

Sun , Sep 24 2017 - 10 am

ပြည်တွင်း ခရီးသွားများအနေနှင့် သီတင်းကျွတ် ပိတ်ရက်ကာလတွင် ပုဂံနှင့် အင်းလေးဒေသတို့တွင် ဟိုတယ် ကြိုတင် ဘွတ်ကင်လုပ်သူ များပြားကြောင်း ပြင်သစ်အခြေစိုက် အွန်လိုင်း ဟိုတယ်ဘွတ်ကင်ဝက်ဘ်ဆိုက် Jovago.net ၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါဝက်ဘ်ဆိုက်မှ တစ်ပတ်အတွင်း ကောက်ယူထားသော အချက်အလက်များအရ ပုဂံနှင့် ဖောင်တော်ဦး ဘုရားပွဲတော်ရှိသည့် အင်းလေးဒေသများသို့ အွန်လိုင်းဟိုတယ် ဘွတ်ကင် ပြုလုပ်မှု ၃၀ ရာခိုင်နှုန်း၊ ကလောမှ  ၁၅ ရာခိုင်နှုန်းရှိပြီး ချောင်းသာ၊ ငွေဆောင် ကမ်းခြေဒေသများရှိ ဟိုတယ်များတွင် ဘွတ်ကင် မရတော့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ အွန်လိုင်း ဟိုတယ်ဘွတ်ကင် ဝက်ဘ်ဆိုက် Jovago.net တွင်




နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစနစ်ကိုပြောင်းလဲကျင့်သုံး၍ အခက်အခဲများ တွေ့နေဟုဆို

Sun , Sep 24 2017 - 10 am

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစောင့်ဆိုင်း ဝင်ရောက်ရသည့် စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းကြောင့် အခက်အခဲများ ကြုံတွေ့ နေကြောင်း လျှောက်ထားသူများက ပြောကြားသည်။ အဆိုပါရုံးတွင် တစ်ရက် လျှင် လူဦးရေ နှစ်ထောင်ခန့် နိုင်ငံ ကူးလက်မှတ် လာရောက်လျှောက်ထားနေပြီး လုံခြုံရေးအရ နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ကိုယ်တိုင် ရုံးအတွင်း တန်းစီဝင်ရောက်သည့် စနစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်က  စတင်ကျင့်သုံးခဲ့သည်။  နိုင်ငံကူးလက်မှတ် လာ ရောက် လျှောက်ထားသူများထဲ တွင် အမျိုးသမီးများသည် အမျိုး သားများနှင့်အတူ ပင်မဂိတ်ေ




အိန္ဒိယသို့ G to G စနစ်ဖြင့် ယခုနှစ်အတွင်း ပဲပို့နိုင်ရေး လုပ်ဆောင်

Sun , Sep 24 2017 - 10 am

အစိုးရချင်း သဘောတူစနစ် (G to G) ဖြင့် လက်မှတ်ထိုး၍ ယခုဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတင်ပို့နိုင်ရေးအတွက် လုပ်ဆောင် နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းတို့က လုပ်ဆောင်လျက်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။ထိုသို့ လက်မှတ်ရေးထိုးနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် ညှိနှိုင်း လုပ်ဆောင်လျက်ရှိပြီး အိန္ဒိယအစိုးရနှင့် ရန်ကုန် သို့မဟုတ် အိန္ဒိယနိုင်ငံတွင် တွေ့ဆုံနိုင်ရေး လုပ်ဆောင်နေကြောင်း ယင်းအသင်းထံမှ သိရသည်။ပဲစင်းငုံကို ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်နေ့ထိ တန်ချိန် နှစ်သိန်းသာ တင်ပို့ရန်၊ မ




YBS ယာဉ်လိုင်းများ အများပိုင်ကုမ္ပဏီအဖြစ် အောက်တိုဘာနောက်ဆုံး ပြောင်းရမည်

Sun , Sep 24 2017 - 10 am

ရန်ကုန်မြို့တွင်း တစ်ဦးတည်းပိုင် ပြေးဆွဲနေသော YBS ယာဉ်လိုင်းများသည် အများပိုင် ကုမ္ပဏီများအဖြစ် အောက်တိုဘာလ နောက်ဆုံး ပြောင်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။ လက်ရှိကုမ္ပဏီရှစ်ခုက တာဝန်ယူထားသော ယာဉ်လိုင်း ကုမ္ပဏီ ၃၂ ခု အနက် ၁၅ ခုသည် ယာဉ်လိုင်းတာဝန်ခံ ကုမ္ပဏီအဖြစ် ပြေးဆွဲလျက်ရှိပြီး အများပိုင်ကုမ္ပဏီစနစ် ကျင့်သုံးခြင်း မရှိသေးသည့်အတွက် အမြန်ဆုံး ဆောင်ရွက် စေခြင်းဖြစ်သည်။ သတ်မှတ်ကာလအတွင်း အများပိုင်ဖွဲ့စည်းနိုင်ခြင်း မရှိသည့်ကုမ္ပဏီများအနေနှင့် YBS ယာဉ်လိုင်း ပြေးဆွဲခွင့် ပိတ်သိမ်းမည်ဖြစ်ပြီး ၎င်းက ဆက်လက် ပြော




အမျိုးသားစီမံ ဒီဂရီကောလိပ် တက်လိုသူများအတွက် ပထမနှစ်ဝင်ခွင့် လျှောက်လွှာများ ခေါ်ယူ

Sat , Sep 23 2017 - 03 pm

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ပထမနှစ် သင်တန်းများကို ဒီဇင်ဘာလ ၄ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် ဝင်ခွင်လျှောက်လွှာများကို ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရပါတယ်။ လျှောက်လွှာ တွေကို ကျောင်းသားရေးရာ ဌာနမှာ စက်တင်ဘာလ ၂၉ ရက်ကနေ အောက်တိုဘာလ ၁၇ ရက်ထိ ရယူနိုင်တဲ့အပြင်




Pages