News & Events

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ယခုလနောက်ဆုံးထား ယူနက်စကို တင်မည်

Sat , Jan 20 2018 - 09 am

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး နောက်ဆုံးအဆင့် အဆိုပြုစာတွဲကို ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ယူနက်စကိုအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ပထမအဆင့်မူကြမ်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာ တတိယပတ်အတွင်းက ယူနက်စကိုအဖွဲ့ထံ တင်ပြခဲ့ကြောင်း၊ ယင်းမူကြမ်းမှ လိုအပ်ချက်များကို ဖြည့်ဆည်းကာ နောက်ဆုံးအဆင့်မူချောကို ထပ်မံတင်ပြရခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။ လတ်တလောတွင် တင်ပြရမည့် စာတွဲများကို နောက်ဆုံးအဆင့် စစ်ဆေး




မန္တလေး-ညောင်ဦးရေလမ်းကြောင်းတွင် စက်တင်ဘာကစ၍ ရေလမ်းပြအမှတ်အသားများ ထားရှိမည်

Sat , Jan 20 2018 - 09 am

ဧရာဝတီမြစ် မန္တလေး -ညောင်ဦးရေလမ်းကြောင်းတွင် နေ့မြင်ညမြင် ရေလမ်းပြအမှတ် အသားတိုင်များ ယခုနှစ်စက်တင် ဘာတွင် စတင်ထားရှိမည်ဟု မန္တလေး-ညောင်ဦး ရေလမ်း ကြောင်း ဖွံ့ဖြိုးရေးစီမံကိန်းဒါရိုက် တာဦးအောင်မျိုးခိုင်က ပြောကြား




ပုသိမ်မြို့ရှိ ဈေးများတွင် ရောင်းချနေသောမျှင်ငါးပိများ၌ ချည်ထည်ဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိ

Sat , Jan 20 2018 - 09 am

ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့က ဈေးတွေထဲ ရောင်းချနေတဲ့ မျှင်ငါးပိတွေမှာ ချည်ထည် ဆိုးဆေးတွေ ထည့်သွင်း ပြုလုပ်ထားတယ်လို့ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီး ဌာန (FDA) ကနေ သိရပါတယ်




မန္တလေးမြို့တွင် ကျင်းပမည့် ထိုင်း - မြန်မာ ချစ်ကြည်ရေး သံဃာအပါး (၂၀၀၀၀) ဆွမ်းဆန်စိမ်းလောင်း လှူပွဲကျင်းပမည်

Sat , Jan 20 2018 - 09 am

မန္တလေးမြို့ လေဆိပ်မှာ ထိုင်း - မြန်မာ ချစ်ကြည်ရေး သံဃာအပါး (၂၀၀၀၀) ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြု လုပ်မယ့် မနက်ဖြန် ဇန်​နဝါရီ ၂၁ ရက်​ မနက်​ပိုင်းမှာ လမ်းပိတ်တာနဲ့လမ်းလွှဲတာတွေပြုလုပ်သွားမယ်လို့ မန္တလေး တိုင်းဒေသကြီး အမှတ်(၃) ယာဉ်ထိန်း တပ်ဖွဲ့ကနေ သိရပါတယ်




နိုင်ငံခြားမှ အိမ်မွေးခွေးများကို တင်သွင်းသည့်အခါ ရောဂါပိုးများထိန်းချုပ်နိုင်ဖို့ တရားဝင် တင်သွင်းဖို့လိုအပ်

Fri , Jan 19 2018 - 03 pm

နိုင်ငံခြားကနေ အိမ်မွေးခွေးတွေကို မြန်မာနိုင်ငံထဲကိုတင်သွင်းတဲ့အခါ တရားဝင်တင်သွင်းဖို့လိုအပ်ပြီး တရားမ၀င်တင်သွင်း ခဲ့ရင်တော့ မျိုးစိတ်အစစ်မဟုတ်တာတွေ၊ ခွေးတွေကနေတဆင့်လူတွေကို ရောဂါပိုးကူးစက်နိုင်တာတွေ ဖြစ်လာနိုင်တယ်လို့ အိမ်မွေးတိရစ္ဆာန်ချစ်သူတွေဆီက သိရပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးမြူသူများအသင်းဥက္ကဌ ဒေါက်တာ ဝင်းမြင့်ကတော့




Pages