News & Events

ပိုလန်သို့ ပက်ထရီယော့ဒ် ဒုံးခွင်းဒုံးစနစ် ရောင်းချမည်

Sun , Nov 19 2017 - 02 pm

ပိုလန်နိုင်ငံသို့ ပက်ထရီယော့ဒ် အမျိုးအစား ဒုံးခွင်းဒုံးစနစ် ရောင်းချ ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောတူ ခွင့်ပြုခဲ့ကြောင်း၊ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၅ ဘီလီယံရှိ ယင်း ပက်ထရီ ယော့ဒ် ဒုံးခွင်းဒုံးစနစ်မှာ ရောင်းချနိုင် ဖွယ်ရှိကြောင်း ပင်တဂွန် စစ်ဌာနချုပ် က နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြား သည်။ပက်ထရီယော့ဒ် ဒုံးခွင်းဒုံးစနစ် ဝယ်ယူရေးအတွက် ပိုလန်နိုင်ငံက အဆိုပြုခြင်းသည် ယင်းနိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးစနစ် စွမ်းရည် တိုးမြှင့် လာစေမည်ဖြစ်ပြီး ဒေသအတွင်း၌ အခြေခံစစ်ဘက် ဆိုင်ရာ အင်အားညီမျှ မှုကို မထိခိုက်စေကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားသည်။ အမေရိကန်နှင့် ပ




ဆီးရီးယား အရှေ့ ပိုင်းရှိ အိုင်အက်စ်ပစ်မှတ်များကို ရုရှား လေတပ်မှ ဗုံးကျဲတိုက်ခိုက်

Sun , Nov 19 2017 - 02 pm

ရုရှားနိုင်ငံ လေတပ်မှ စစ်တပ် ဗုံးကျဲ လေယာဉ်များသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ် (IS) အကြမ်းဖက်အုပ်စုများ၏ အခြေစိုက်စခန်းများအား နိုဝင်ဘာ ၁၈ ရက်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံ Abu Kamal မြို့ အနီးရှိ အိုင်အက်စ် အကြမ်းဖက်သမားများ၏ အခြေစိုက် စခန်းအား မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် ၆ စင်းဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ၊ အဆိုပါ စစ်ဆင်ရေးကို ဆီးရီးယားနိုင်ငံ အနောက်ပိုင်း လေတပ် အခြေစိုက်စခန်းမှ တိုက်ခိုက်ရေး လေယာဉ်များက အကာအကွယ်ပေးခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်




ဗြိတိန်၌ ရဟတ်ယာဉ်နှင့် လေယာဉ်တစ်စင်း ပျံသန်းနေစဉ် တိုက်မိရာ လူအချို့သေဆုံး

Sun , Nov 19 2017 - 10 am

ဗြိတိန်၌ ရဟတ်ယာဉ် တစ်စင်းနှင့် အပေါ့စားလေယာဉ် တစ်စင်းတို့သည် သောကြာနေ့က လေကြောင်း ပျံသန်းမှု ပြုလုပ်နေစဉ် အတွင်း တိုက်မိခဲ့ရာ လူအချို့ သေဆုံးသွားကြောင်း သိရသည်။ တောင်ပိုင်း ဗဟိုလူနာတင်ယာဉ် ဝန်ဆောင်မှုအဖွဲ့က အခင်းဖြစ်ပွားမှုတွင် သေဆုံးသူများ ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။ ရဟတ်ယာဉ်နှင့် အပေါ့စားလေယာဉ်တို့မှ အစိတ်အပိုင်း အပျက်အစီးများကို ဘက်ကင်ဟမ်ရှိုင်းယားရှိ ဝင်ချီဒန်အနီးရှိ သမိုင်းဝင် ဝါဒက်ဆန်မာနာ ဧရိယာ အနီးတွင် ရှာဖွေတွေ့ရှိခဲ့သည်။ မျက်မြင်သက်သေများက ၄င်းတို့သည် ကျယ်လောင်စွာ တိုက်မိသည့်အသံကို ကြားလိုက်ရပြီးနောက် လေယာဉ်တိုက်မိခြင်းဖြစ်ကြောင်း သိရှိခဲ့ရကြောင်း ပြောပြခဲ့သည်။




ဒါဗင်ချီ၏ လက်ရာခရစ်တော် ပန်းချီကား ဒေါ်လာသန်း ၄၅၀ ဖြင့် လေလံတင် ရောင်းချနိုင်ခဲ့

Sun , Nov 19 2017 - 10 am

ကမ္ဘာကျော် အနုပညာရှင်ကြီး လီရိုနာဒိုဒါဗင်ချီ၏ အနုပညာလက်ရာ တစ်ခုဖြစ်သော ခရစ်တော် အမည်ရ ပန်းချီကားကို နယူးယောက်မြို့တွင် ဒေါ်လာသန်း ၄၅၀ ဖြင့် စံချိန်တင် ရောင်းချနိုင်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။  သက်တမ်း ၅၀ဝ ရှိပြီဖြစ်သည့် အဆိုပါ ခရစ်တော် အမည်ရ ပန်းချီကားကို SalvatorMundi (ကမ္ဘာကြီးကို ကယ်တင်သူ) ဟုလည်းခေါ်ကြောင်း သတင်းက ဆိုသည်။ နယူးယောက်မြို့ Christie လေလံ ခန်းမတွင် ယမန်နေ့က အဆိုပါ ပန်းချီကားကို ဒေါ်လာသန်း ၄၅၀ ဖြင့် လေလံအောင်သွားရာ ပန်းချီ အနုပညာ လောက အတွက် အံ့မခန်း ဈေးနှုန်းဖြင့် စံချိန်တင် ရောင်းချနိုင်ခြင်းဖြစ်သည်။၁၅၁၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် အနုပညာရ




ဥရောပနှင့် အမေရိကန်တွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ရုရှားသတိပေး

Sun , Nov 19 2017 - 10 am

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဥရောပ နှင့် အမေရိကန်နိုင်ငံ၌ လာမည့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်း နိုဝင်ဘာ ၁၇ရက်ကပြောကြားခဲ့သည်။အဓိက မြို့ကြီးများ၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားနိုင်ခြေသည် ဒီဇင်ဘာ ၂၀ ရက်မှ ဇန်နဝါရီ ၂၀ ရက်အတွင်း မြင့်တက်နိုင်ကြောင်း ဝန်ကြီးဋ္ဌာန၏ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဋ္ဌာနက တွစ်တာတွင် ရေးသား ဖော်ပြခဲ့သည်။ ဋ္ဌာနက ယင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့် သတင်း အချက်အလက်များ ရရှိထား .ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ကလည်း ဥရေ




Pages