News & Events

အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် ဂြိုဟ်တုများကို တရုတ်လွှတ်တင်

Wed , Dec 27 2017 - 01 pm

တရုတ်နိုင်ငံသည် အဝေးထိန်းအာရုံခံ စနစ်ပါရှိသည့် ဂြိုဟ်တုများကို ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းအစောပိုင်းက လွှတ်တင် ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါဂြိုဟ်တုများကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ် ပြည်နယ်ရှိ ရှီချန် ဂြိုဟ်တုလွှတ်တင်ရေးစင်တာက လွှတ်တင်ခဲ့ကြောင်း သိရသည်။ လောင်းမတ်ခ်ျ -၂ စီ ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံဖြင့် ဒီဇင်ဘာ ၂၆ ရက်က လွှတ်တင်ခဲ့သော အဆိုပါ ဂြိုဟ်တုများသည် သတ်မှတ်ဂြိုဟ်ပတ်လမ်း ကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်းနှင့် ဂြိုဟ်တုများ လွှတ်တင်မှုကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ရော်ဂန်-၃ဝ စီမံကိန်း၏ တတိယမြောက် လွှတ်တင်မှု




ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏သား ဖိလစ်ပိုင်အစိုးရရာထူးမှ နုတ်ထွက်

Wed , Dec 27 2017 - 01 pm

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး ၏ အကြီးဆုံးသားသည် ဒါဗာအို မြို့ကောင်စီ အဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက် တွင် နုတ်ထွက် ခဲ့သည်။ ပါအိုလို ဒူတာတေးက ဒါဗာအိုမြို့တွင် ဒုတိယ မြို့တော်ဝန် အဖြစ် ထမ်းဆောင်နေခဲ့ပြီး ယခုအခါ မိသားစု .ပြဿနာများကြောင့် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ အကောက်ခွန် ဌာနက မှောင်ခို အမှု တစ်ခု တွင် ပါဝင် သည်ဟု စွပ်စွဲခံရမှုနှင့် သမီး ဖြစ်သူနှင့် လူမှုမီဒီယာ တွင် အငြင်းပွားမှုတို့ဖြစ်ခဲ့သည့် ပါအိုလိုက သူ၏ဘ၀တွင် ကံမကောင်းမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ကောင်စီကို ပြောကြားခဲ့သည်။ အသက် ၄၂ နှစ် အရွယ် ပါအိုလို ဒူတာတေးက  ဖြစ်ပျက်ခဲ့သည့် အားလုံး အတွက် တာဝန်ယူကြောင်း မီဒီယာမျာ




ဆိုက်ဘာ တိုက်ခိုက်သည်ဟု သက်သေမရှိဘဲမစွပ်စွဲရန် အမေရိကန်ကို မြောက်ကိုရီးယား တောင်းဆို

Wed , Dec 27 2017 - 01 pm

ဆိုက်ဘာတိုက်ခိုက်ကာ ငွေညှစ်သော Wannacry ဖြစ်ရပ်ကို မြောက်ကိုရီးယား၏လက်ချက်ဟု သက်သေမပြနိုင်ဘဲမစွပ်စွဲရန် အမေရိကန်ကို မြောက်ကိုရီးယားသံအမတ်က ပြောကြားလိုက်ပါတယ်။ Wannacry တိုက်ခိုက်မှုကို မြောက် ကိုရီးယား လုပ်ဆောင်သည် ဟူသော စွပ်စွဲချက်အတွက် အမေရိကန် အနေဖြင့် သက်သေ အထောက်အထား ပြရန် လိုအပ်ကြောင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များသည် တင်းမာမှုများ ပေါ်ပေါက် လာစေရန် ဖန်တီးပေး နေကြောင်း .မြောက်ကိုရီးယား၏ အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂသံအမတ် ပတ်ဆောင်အီက အေပီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Wannacry ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝန်းမှ ကွန်ပျူတာအလုံးရေ သိန်းနှင့်ချီ




အင်အားပြင်းတိုင်ဖုန်း မုန်တိုင်းအတွက် ဗီယက်နမ်တွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရ

Tue , Dec 26 2017 - 04 pm

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းသို့ အင်အားပြင်းတိုင်ဖုန်း မုန်တိုင်း ဝင်ရောက်တိုက်ခတ်ရန် ချဉ်းကပ်လာချိန်တွင် လူတစ်သန်း နီးပါးကို ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ တိုင်ဖုန်းမုန်တိုင်း တမ်ဘင်းသည် ဖိလစ်ပိုင် တွင် လူပေါင်း ၂၃ဝ ကျော်ကို သေဆုံးစေခဲ့ပြီး လူသောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီးသည့်နောက် ခရစ်စမတ်နေ့ နှောင်းပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ 




ကျူးဘားတွင် ခရစ်စမတ်အကြိုည ပွဲတော်တစ်ခု၌ မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် လူ ၃၉ ဦး ဒဏ်ရာရ

Tue , Dec 26 2017 - 04 pm

ခရစ်စမတ်အကြိုညတွင် ကျူးဘားနိုင်ငံ၌ ကျင်းပသော ကာနီဗယ်ပွဲတော်အတွင်း မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်မှ ၁၅ နှစ်အကြားရှိ ကလေးငယ် ၆ ဦးအပါအဝင် လူ ၃၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။ နိုင်ငံအလယ်ပိုင်းရှိ ရီမယ်ဒီမိုမြို့တွင် ရာစုနှစ်များစွာကြာ သက်တမ်းရှိသော ပါရန်ဒက်စ် ပွဲတော်ကို ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပခဲ့ပြီး 




Pages