News & Events

ဂျပန်နိုင်ငံ၏ အာဏာရညွန့်ပေါင်းပါတီ သုံးပုံနှစ်ပုံအနိုင်ရ

Thu , Oct 19 2017 - 02 pm

တနင်္ဂနွေနေ့က ရွေးကောက်ပွဲများတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အာဏာရ ညွန့်ပေါင်းပါတီက အကြမ်းဖျင်း သုံးပုံနှစ်ပုံခန့် အနိုင်ရမည့် အခြေအနေရှိနေပြီး တိုကျိုမြို့တော်ဝန် ယူရီကိုကွိုင်ကီ ဦးဆောင်သော ကွန်ဆာဗေးတစ် ပြိုင်ဘက်များ က ရှုံးနိမ့်မည့်ပုံရှိနေသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြပါတယ်။ ဂျပန်နိုင်ငံ၏ လွှတ်တော်နှစ်ရပ်အနက် အာဏာပိုရှိသော အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာအတွက် 




ကလေးများ အဝလွန်မှု ၁၉၇၅ ခုနှစ်ကထက် ၁၀ ဆ မြင့်တက်

Thu , Oct 19 2017 - 11 am

အဝလွန်သော ကလေးများနှင့် ဆယ်ကျော်သက်များအရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် ၁၉၇၅ ခုနှစ်ကထက် ၁၀ ဆ ပိုများ နေကြောင်း ၊ သို့သော် ကိုယ်အလေးချိန်မပြည့်သော ကလေးအရေအတွက်သည် အဝလွန်သော ကလေး အရေအတွက်ထက် ပိုများနေဆဲ ဖြစ်ကြောင်း လေ့လာမှု တစ်ခုက အောက်တိုဘာ ၁၅ ရက်တွင် ဆိုပါတယ်။ ယခုနှုန်းထား အတိုင်းသာ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ကလေးများနှင့် ဆယ်ကျော်သက်များ အဝလွန်မှုသည် ၂၀၂၂ ခုနှစ် မတိုင်မီ အလယ်အလတ်အဆင့်ကို ကျော်လွန်သွားမည်ဖြစ်ကြောင်း ၊ အာဟာရ မပြည့်မီသဖြင့် ကိုယ်အလေးချိန် မပြည့်မှုများလည်း ၂၀၂၂ ခုနှစ်မတိုင်မီ ဆိုးရွားသော အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သုတေသီများက The Lancet ဆေးဂျာနယ်တွင် ရေးသားထာ




ကမ္ဘာ့ဈေးအကြီးဆုံးနားဆွဲများကို အမေရိကန်ဒေါ်လာ ၅၇.၄ သန်း ကျော်ဖြင့် ရောင်းချ

Thu , Oct 19 2017 - 11 am

ကမ္ဘာ့ဈေးအကြီးဆုံး နားဆွဲတွေကို ဒီနှစ်ထဲမှာပဲ အမေရိကန်ဒေါ်လာ ၅၇.၄ သန်းကျော်နဲ့ ရောင်းချခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးနားဆွဲအဖြစ် လေလံတင်ရောင်းချနိုင်ခဲ့တဲ့ နားဆွဲနှစ်ခုရဲ့တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၅၇.၄ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ အပြာရောင်နဲ့ ပန်းရောင်စိန်ပွင့်တွေက သစ်တော်သီးပုံစံရှိကြပြီး သူတို့ကို Apollo နဲ့ Artemis လို့ အမည် ပေးထားပါတယ်။ အပိုလိုနဲ့ အားတီးမစ်ဆိုတာ ဂရိနတ်ဘုရားတွေရဲ့ အမည်တွေဖြစ်ပါတယ်။ Sotheby's လေလံ အရောင်း ဌာနက မေလ ၁၇ ရက်နေ့မှာ ရောင်းချခဲ့တာပါ။ နှစ်ခုလုံးကို သီးခြားဆီခွဲပြီး လေလံတင်ခဲ့




အိုလံပစ် အားကစားပွဲများတွင် ဆိုက်ဘာ တိုက်ခိုက်ခံရဖွယ်ရှိ၍ သတိပြုရန်လိုအပ်

Thu , Oct 19 2017 - 11 am

အိုလံပစ်အားကစားပွဲ လက်ခံကျင်းပရာတွင် အခြားအကြမ်းဖက်မှုများနည်းတူ ကွန်ပျူတာ ဟက်ကာများ၏ တိုက်ခိုက်မှု အန္တရာယ်ကိုလည်း သတိပြုကာကွယ်ထားသင့်ကြောင်း ၊ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲဝက်ဘ်ဆိုက်များ အတိုက်အခိုက်ခံရမှု ၊ ဘာရိန်းဖော်မြူလာဝမ်းပြိုင်ပွဲတိုက်ခိုက်ခံရမှုတို့ကို သတိပြုကာကွယ်ထားသင့်သည်ဟု ကယ်လီဖိုးနီး ယား တက္ကသိုလ်မှ ဆိုက်ဘာလုံခြုံရေးလေ့လာရေးသုတေသီများက အောက်တိုဘာ ၁၀ ရက်က သတိပေးပြောကြားလိုက် ကြောင်း AFP သတင်းမှ သိရသည်။ ကွန်ပျူတာဟက်ကာများသည် အိုလံပစ်အားကစားပွဲ၏ ကစားပွဲရလဒ်နှင့် အမှတ်များ ၊ ကျင်းပရာအားကစားရုံကြီးများ၏ အီလက်ထရွန်နစ်လုပ်ဆောင်မှုများအား အန္တရာယ်ပေးနိုင်ကြောင်း ၊




မြောက်ကိုရီးယားကို စစ်တိုက်မည်ဟု ပြောခြင်းသည် ရှေ့နောက်မစဉ်းစားသော ခြိမ်းခြောက်မှုဟု ဟီလာရီကလင်တန် ပြော

Thu , Oct 19 2017 - 11 am

ကိုရီးယားကျွန်းဆွယ်တွင် စစ်စတင်တိုက်ရန် မစဉ်းစား မဆင်ခြင် ခြိမ်းခြောက်မှုများသည် အန္တရာယ်ရှိပြီး နောက်ဆက်တွဲ မစဉ်းစားသော ခြိမ်းခြောက်မှုဖြစ်ကာ အမေရိကန်အနေဖြင့် အားလုံးပါဝင်သော ဆွေးနွေးပွဲပြုလုပ်ရန် ဟီလာရီကလင်တန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။  မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားစီမံကိန်းကို တားဆီးရေး မြောက်ကိုရီးယား အပေါ် တားဆီးပိတ်ဆို့မှုများ ပြုလုပ်ရာတွင် တရုတ်အနေဖြင့် ရှေ့ထွက် ဆောင်ရွက်သော အခန်းကဏ္ဍမှပါဝင်ရန် မစ္စစ် ကလင်တန် က တိုက်တွန်းသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်သော ဖိုရမ်တစ်ခု၌ ကလင




Pages