ဆိုင်းနွယ်

ဆိုင်းနွယ်ရဲ့ နာမည်အပြည့်အစုံက ဧပရယ်ဆိုင်းနွယ် ပါ… ဆိုင်းနွယ် ငယ်ငယ်ကတည်းက .မြစ်ကြီးနားမှာပဲ .ကြီးပြင်းခဲ့တာပါ.. ညီအစ်မ(၄)ယောက် ရှိတယ်..  ဆိုင်းနွယ်ကတော့ တတိယမြောက် သမီးလေးပေါ့… ဆယ်တန်းအောင်ပြီး ကတည်းက ပညာရေးကောလိပ် ကို(၂) နှစ် တက်ခဲ့တယ်… ကျောင်းပြီးတော့ မူလတန်းဆရာမအဖြစ် (၃) နှစ်နဲ့ အလယ်တန်းဆရာမအဖြစ် (၂) နှစ် စုစုပေါင်း (၅)နှစ်တာမျှ အထိ ဆရာမ အလုပ်ကိုလုပ်ခဲ့တယ်… အဲ့ဒီလိုနဲ့ ရန်ကုန်ကို ခဏအလည်လာရင်းနဲ့ ပတ္တမြားFM မှာ အလုပ်ဝင်ဖြစ်သွားတယ်.. အဲ့ဒီနေ့က 24.5.2010 ရက်နေ့မှာပါ.. ပတ္တမြားFM မှုာ အလုပ်လုပ်နေရင်း တစ်ခါတစ်လေ .ကျောင်းဆရာမဘ၀လေး ကိုပြန်ပြီးတော့ သတိရမိတယ်…. ဆိုင်းနွယ်က ပတ္တမြားFM  မှာ အလုပ်စ၀င်ကတည်းက အလွဲလေးနဲ့ စခဲ့တာ… နေ့လည်(၁) နာရီမှာ Interviewဖြေဖို့ အကြောင်းကြားတာကို (၉)နာရီလို့ကြားပြီး သွားခဲ့တယ်လေ…. အလုပ်ဝင်ပြီးတော့လည်း ပထမဆုံးအကြိမ်မှာပဲ Celebrity (၁) ယောက်ဆီ အင်တာဗျူးသွားတုန်းက စက်ဖွင့်ပြီးမေးခဲ့မေမယ့် ရုံးရောက်တော့ အသံ File ကပါမလာဘူး..  အဲ့ဒီတုန်းကတော်တော်လေးကို ထူပူသွားခဲ့တယ်… ဒါပေမယ့် ဆိုင်းနွယ်က အနုပညာနဲ့ပတ်သက်တဲ့ အလုပ်တွေ လုပ်နေရရင်ကျေနပ်နေတဲ့သူပါ… အဲ့ဒါကြောင့် အနုပညာနဲ့ ဆက်နွယ်နေတဲ့ ပတ္တမြား FM မှုာ အလုပ်လုပ်နေ ရတာကိုလည်း .ပျော်နေမိတယ်… ဆိုင်းနွယ်က Piano တီးရတာကိုလည်း ၀ါသနာပါတယ်.. အစားအစာထဲမှာ ဆိုရင်တော့ .ပေါင်မုန့်ကိုအကြိုက်ဆုံးပဲ .. အားကစားလုပ်ရတာ ကိုကြိုက်ပေမဲ့ ဘယ်တော့မှ ရည်ရှည်မလုပ်ဖြစ်ဘူး… ”ဇွဲမရှိဘူးလို့” ကိုယ့်ကိုယ် ကိုယ်မြင်မိတယ်… ဘာအလုပ်ပဲလုပ်လုပ် ဇွဲရှိမှအောင်မြင်မှု ရရှိမှာလေ.. အဲ့ဒါကြောင့် ခံနိုင်ရည်ရှိရှိ ၊ ဇွဲရှိရှိနဲ့ ကြိုးစားသူ တိုင်းကို အရမ်းလေးစားပြီး အားကျတယ်…။ ဒီလိုလူမျိုးတွေကို စံထားပြီး ကိုယ်လည်း အတုယူတယ်… ခံနိုင်ရည်ရှိပြီးအောင်မြင်တဲ့လူ (၁)ယောက် အဖြစ် ဘ၀ကိုငြိမ်းငြိမ်း ချမ်းချမ်း .ဖြတ်သန်း သွားချင်တယ်… ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ ဘုရားသခင်ဆီမှာ ဆုတောင်းရင်း အကောင်းဆုံးဖြစ်အောင် .ကြိုးစားနေပါတယ်….


Biodata

အမည်

ဆိုင်းနွယ်

နိုင်ငံသား

Chin/ Kachin

ပညာအရည်အချင်း

B.Sc (Maths)/ Dip.Ed

ကိုးကွယ်သည့် ဘာသာ

Christian

မွေးနေ့သက္ကရာဇ်

Sunday, January 4, 2015 - 11:45