ဖိုးပြည့်

မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေဗျာ… ကျွန်တော်ကတော့ ပျူမြို့တော်ဟောင်းဖြစ်တဲ့ သရေခေတ္တရာ .ပြည်မြို့သားလေးမောင်ဖိုးပြည့်ပါ.. နာမည်အရင်းကတော့ .ကျော်ပြည့်ဟိန်းပါဗျာ… ကျွန်တော်က အနုပညာနဲ့ပတ်သက်ရင် .တော်တော်များများ အကုန်ဝါသနာပါတယ်... အဆို၊အက၊ သရုပ်ဆောင်တာတွေ ကတော့ ထိပ်ဆုံးကပေါ့… ကျွန်တော့်ရဲ့အတိတ်တွေကို အနုပညာတွေနဲ့ အချိန်ကုန်ဆုံးဖြတ်သန်း ခဲ့သလို ဒီနေ့မှာလည်း အနုပညာနယ်ပယ်ထဲမှာပဲ ကျွန်တော်ရှိနေပါတယ်… ကျွန်တော်ရဲ့ မနက်ဖြန်တွေကိုလည်း အနုပညာတွေနဲ့ပဲ မျက်နှာသစ်မယ်လို့ ဆုံးဖြတ်ထားပါတယ်ဗျာ… ကျွန်တော် စိတ်ညစ်လာရင်လည်း ဆိုတယ်၊ ကတယ် .ပျော်ရွှင်စရာတွေကြုံလာရင် လည်းဆိုတယ်၊ ကတယ်ဗျ… .ပြီးတော့ကျွန်တော့်ရဲ့ ဘ၀လေးက ပတ္တမြားFM နဲ့တွေ့မှ ပိုပြီးလှပလာတယ် ဆိုတာကိုလည်း .ပြုံးပြုံးကြီးဝန်ခံပါတယ်… ပတ္တမြားFM ကိုရောက်တာကြာလာတော့ သံယောဇဉ်တွေ ပိုပိုပြီးဖြစ်မိနေပြီလေ…ကျွန်တော်တင်ဆက်ပေးရတဲ့ အစီအစဉ်တွေ အားလုံးကိုပရိသတ်ကြီး နားဆင်ရတဲ့အချိန်ကုန်ရကျိုး နပ်အောင် ကျွန်တော့်ရဲ့ဦးနှောက်နဲ့ရော .နှလုံးသားနဲ့ပါရွေးချယ်ပြီး တင်ဆက်ပေးနေပါတယ်…ကျွန်တော်က ပရိသတ်ကြီးရဲ့အားပေးမှု လက်ခုတ်သံတွေကို အမြဲမျှော်လင့်လိုလားနေတဲ့သူ တစ်ယောက်ပါ။ ကျွန်တော်က လူသားအားလုံးကို ခင်မင်လေးစား ပါ တယ်ဗျာ.. ပတ္တမြား FM ပရိတ်သတ်ကြီး ကျေးဇူးပါပဲနော်..


Biodata

အမည်

ဖိုးပြည့်

နိုင်ငံသား

Myanmar

ပညာအရည်အချင်း

A.G.T.I

ကိုးကွယ်သည့် ဘာသာ

Buddish

မွေးနေ့သက္ကရာဇ်

Thursday, August 18, 2016 - 12:00