ဇွဲမာန်

ပတ္တမြား FMကို အားပေးနားဆင်တဲ့ .သောတရှင်များအားလုံးပဲ မင်္ဂလာပါဗျ။ ကျွန်တော့်နာမည် အပြည့်အစုံကတော့ ဇွဲမာန်လင်း လို့ခေါ်ပါတယ်… ပြင်ဦးလွင်မြို့မှာမွေးခဲ့တဲ့ ကျွန်တော်က တစ်ဦးတည်းသောသားပါ။ ရထားတဲ့ ပညာအရည်အချင်းဘွဲ့နဲ့ အလုပ် နဲနဲတော့ကွာနေပေမယ့် သိတတ်စအရွယ်ထဲက ၀ါသနာပါခဲ့တဲ့ ဒီအလုပ်နဲ့ အခု အသက်မွေးဝမ်းကျောင်း ပြုနေရတဲ့အတွက် ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျတယ်လို့ပဲ ပြောရမှာပါဗျ။ ပတ္တမြားFMကို အလုပ်ဝင်တာ မကြာသေးတဲ့အချိန်မှာပဲ ဖုန်းနဲ့တစ်မျိုး စာနဲ့တစ်ဖုံ Facebook ကတစ်သွယ် ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို ဝေဖန်အကြံပြုပေးကြတဲ့ သောတရှင် ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ဗျ… အခုလက်ရှိမှာ ပတ္တမြား FM ကနေ သောတရှင်တွေ နားဆင်ခံစားနိုင်ဖို့အတွက် ကျွန်တော် တာဝန်ယူတင်ဆက်ပေးနေတဲ့ အစီအစဉ်တွေက…

 

ထုတ်လွှင့်တင်ဆက်ပေးနေသော အစီအစဉ်များ

1. လေလှိုင်းထဲကတေးလက်ဆောင် (Daily - 8:00 AM)
2. Miss You   (Mon/Thur  - 9:00 PM)
3. ရသစုံစွာစာပဒေသာ   (Thur -1:50 PM)
4. ခေတ်အတွေး   (Tue - 12:25 PM , Fri - 9:25 PM)  နဲ့
5. လင်နဲ့မယား    (Sat - 11:45 AM) တို့ပဲဖြစ်ပါတယ်

 

ရှေ့ဆက်ပြီးတော့လည်း သောတရှင်တွေအတွက် အကောင်းဆုံးထုတ်လွှင့်တင်ဆက်မှုတွေနဲ့ ကြိုးစား တင်ဆက်ပေးသွားဦးမယ်လို့ ကတိပေးပါတယ်ဗျ။ အဲဒါကြောင့် သောတရှင်တွေအားလုံးကလည်း အားပေးကြပါဦး။ ပတ္တမြား FM ကို အားပေးနားဆင်ကြ တဲ့ သောတရှင်တွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။


Biodata

အမည်

ဇွဲမာန်

နိုင်ငံသား

Myanmar

ပညာအရည်အချင်း

B.Sc (Maths)

ကိုးကွယ်သည့် ဘာသာ

Buddish

မွေးနေ့သက္ကရာဇ်

Monday, August 8, 2016 - 16:15