ငုဝါ

ငုဝါရဲ့နာမည်အပြည့်အစုံက သဲငုဝါ.. .ဖေဖေကိုယ်တိုင်ပေးထားတဲ့ နာမည်လေးပါ။ .ဖေဖေနဲ့မေမေက အိမ်ထောင်သက် (၁၁)နှစ်ကြာမှ သမီးဦးအနေနဲ့ ငုဝါကိုပိုင်ဆိုင်ခဲ့ကြတာမို့ အသဲ၊အသက်လောက် ချစ်ကြလို့ ”သဲ” ဆိုတဲ့စကားလုံးလေးကို ယူလိုက် သလို အမြဲတမ်းနုပျိုရှင်သန်စေချင်လို့ ”ငုဝါ” ဆိုတဲ့ ပန်းကလေးရဲ့ အမည်နာမနဲ့ တွဲဖက်လိုက်ရတာလို့ .ဖေဖေက မကြာခဏပြောပြပါတယ်.. .ပြီတော့ ”ငုဝါပင်” ဆိုတာလောကဓံကို .ကြံ့ကြံ့ခံနိုင်ပြီး မအိုပင်၊ မနာပင်လို့ခေါ်မယ် ဆိုရင်လည်း .ခေါ်နိုင်တယ်လို့ .ပြောပါသေးတယ်။ ငုဝါမှာ ငုဝါထက်(၅)နှစ်ငယ်တဲ့ .မောင်လေးတစ်ယောက်ကို ဖေဖေနဲ့မေမေက ပိုင်ဆိုင်ခွင့်ပေးထားပါတယ် .ဖေဖေရောမေမေပါ အားကစားဝါသနာ ပါလို့လားမသိဘူး ငုဝါရောမောင်လေးပါ အားကစားကိုဝါသနာပါတယ်… ဒါပေမယ့် ငုဝါက ထူးထူးချွန်ချွန် ကစားတတ်တဲ့ အားကစားသိပ်မရှိဘူး… .ရေကူးတာ ၊ကြက်တောင်ရိုက်တာ ၊ဘောလုံးကန်တာ ကိုတော့ သိပ်ပျော်တယ်… ငုဝါက သီချင်းနာထောင်တာရယ်၊ စအုပ်ဖတ်နေတာရယ်နဲ့ပဲ အချိန်ကုန်တာများပါတယ်….  ငုဝါက Y2K (၂၀၀၀ပြည့်နှစ်) မှာ အထက်တန်းအောင်ပြီး ၂၀၀၅ ခုနှစ်မှာ ဥပဒေဘာသာရပ်နဲ့ .ကျောင်းပြီးခဲ့ပါတယ်… အလုပ်သင်ရှေ့နေဘ၀နဲ့ ၂၀၀၈-၂၀၀၉ ခုနှစ်အထိကျင်လည်ခဲ့ပါတယ်… ငုဝါက ငယ်ငယ်ကတည်းက တရားသူကြီးလည်းဖြစ်ချင်တယ်… သတင်း .ကြေငြာတဲ့သူလည်းဖြစ်ချင်တယ်.. ဒီလိုနဲ့ ၂၀၀၉ ခုနှစ်ရဲ့ မိုးဥတုတစ်နေ့မှာ သတင်းစာထဲမှုာ သိန်းကျော်ကျော်ကုမ္ပဏီလီမိတက်မှုာ အသံလွှင့်လုပ်ငန်း အတွက် ၀န်ထမ်းအလိုရှိသည်ဆိုတဲ့ .ကြော်ငြာကိုမြင်တွေ့လိုက်ရပါတယ်… အဲ့ဒီအချိန်မှာ သတင်းကြေငြာတဲ့သူ၊ အစီအစဉ်တင်ဆက်သူ .ဖြစ်ချင်ခဲ့တဲ့ဝါသနာပိုးက အုံကြွလာပါတယ်… ဒီလိုနဲ့အလုပ်လျှောက်ဖြစ်ခဲ့ပြီး ပတ္တမြားFM  မှာတာဝန်ထမ်းဆောင်ခွင့် ရခဲ့ပါတယ်.. တစ်နေ့ပြီးတစ်နေ့ သီချင်းသံစဉ်တွေရဲ့ကြားမှာ .သောတရှင်ပရိသတ်ကြီး အတွက် အစီအစဉ်တွေတင်ဆက်ပေးနိုင်ဖို့ အချက်အလက်တွေ ရှာဖွေစုဆောင်းရင်း လက်တွဲဖော် သူငယ်ချင်းများနဲ့အတူ .ဖြတ်သန်းနေရတဲ့ဘ၀ကို ငုဝါ သိပ်ကျေနပ်နှစ်သက်မိတယ်… .လေလှိုင်းပေါ်က ပရိသတ်ကြီးအတွက် တစ်နေ့ထက်တစ်နေ့ ပိုမို .ကောင်းမွန်တဲ့ အစီအစဉ်များကို .ကြိုးစားတင်ဆက်ပေးချင်ပါတယ်.. နားဆင်အားပေးနေတဲ့ .သောတရှင်များအားလုံးကို .ကျေးဇူးတင်ရှိပါတယ်…   ပတ္တမြား FM ပရိသတ်အပေါင်း ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ပါစေရှင်…..။


Biodata

အမည်

ငုဝါ

နိုင်ငံသား

Myanmar

ပညာအရည်အချင်း

B.A (LLB)

ကိုးကွယ်သည့် ဘာသာ

Buddish

မွေးနေ့သက္ကရာဇ်

Friday, August 12, 2016 - 12:15