ခိုင်ဖူးဝေ

ပတ္တမြားFM  ပရိသတ်များအားလုံး မင်္ဂလာပါရှင်… ခိုင်ဖူးရဲ့ အကြောင်းကိုတော့ ပရိသတ်ကြီးကို အထူးမိတ်ဆက်ပေးစရာ လိုမယ်မထင်တော့ပါဘူးနော်… ခိုင်ဖူးက ပတ္တမြား FM စတည်ထောင်ကတည်းက လက်တွဲလုပ်ကိုင်လာ အခုဆိုရင် ပတ္တမြားFM ရဲ့ သက်တမ်းအတိုင်း ခိုင်ဖူးရဲ့လုပ်သက်က ရှိနေပါပြီ။ ပတ္တမြားFM က ခိုင်ဖူးရဲ့ ဒုတိယမိသားစု .ဖြစ်နေသလို ခိုင်ဖူးရဲ့ဒုတိယကမ္ဘာပါ။ ခိုင်ဖူးတို့ကြိုးစား တင်ဆက်နေတဲ့ အစီအစဉ်ကောင်းတွေကို .နှစ်သက်သဘောကျ အားပေးကြတဲ့ ပရိသတ်တွေ အားလုံးကို .ကျေးဇူးအထူးပင် တင်ရှိပါတယ် ။ ပရိသတ်တွေရဲ့ အားပေးမှုတွေက ခိုင်ဖူးတို့တွေကို အမောပြေစေသလို စိတ်အား တက်ကြွမှုတွေ ကိုလည်းဖြစ်ပေါ်စေပါတယ် ။ ပရိသတ်တွေရဲ့ အားပေးမှုတွေက ခိုင်ဖူးတို့အတွက် ခွန်အားတစ်ခုပါ ။ ပတ္တမြားFM ကို ထာဝရ အားပေးနေတဲ့ ပရိသတ်တွေအတွက် အစီအစဉ်ကောင်းတွေ နဲ့ .တေးသီချင်းကောင်းတွေကို ခိုင်ဖူးတို့တွေ အမြဲကြိုးစားတင်ဆက် .ပေးသွားမှာပါရှင်။


Biodata

အမည်

ခိုင်ဖူးဝေ

နိုင်ငံသား

Myanmar

ပညာအရည်အချင်း

B.C.Sc. DipinEnglish(SEAMEOCHAT)

ကိုးကွယ်သည့် ဘာသာ

Buddish

မွေးနေ့သက္ကရာဇ်

Monday, August 8, 2016 - 16:15